Connect with us

Social

တရုတ် နိုင်ငံ YINGOS အဖွဲ့အစည်း မှ ဘုန်းတော်ကြီးသင်ကျောင်းများရှိ ကလေးငယ် များ အသိပညာ ဗဟုသုတ ကြွယ်ဝရန် ရည်ရွယ်၍ တီဗွီ နှင့် ရုပ်သံဖမ်းစက်များကို လှူဒါန်း

"ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းလျှင် တီဗီ တစ်လုံးလှူဒါန်းခြင်း" အခမ်းအနား စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာအရပ်ဘက် အဖွဲ့အစည်း (YINGOS) မှ လှူဒါန်းပြီး မြန်မာ နိုင်ငံ ရှိ Nobel Language Center မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသော “ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းလျှင် တီဗီ တစ်လုံးလှူဒါန်းခြင်း” အခမ်းအနား ကို မတ်လ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်တွင် ရန်ကုန် မြို့ရှိ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ရန်ကုန် မြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၀၀ ကို တီဗွီ တစ်လုံး စီနှင့် Sky Net တစ်စုံစီ လှူဒါန်းပေးအပ် ခဲ့သည်။

အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး တာဝန်ရှိ ပုဂ္ဂိုလ် ၊ ဆရာတော်ကြီးများ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ၊ YINGOS ဥက္ကဋ္ဌ မစ္စ ရန်မှု (Ms.Yang Mu) ၊ Nobel Language Center ကျောင်းအုပ်ကြီး မစ္စ ကျန်းချီယင်း(Ms.Jiang Qiying) နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

တရုတ်နိုင်ငံယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာအရပ်ဘက် အဖွဲ့အစည်း (YINGOS) ဥက္ကဋ္ဌ မစ္စ ရန်မှု (Ms.Yang Mu) မှ လှူဒါန်းရခြင်း နှင့် ပတ်သက်၍ ပြောကြားစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာအရပ်ဘက် အဖွဲ့အစည်း (YINGOS) ဥက္ကဋ္ဌ မစ္စ ရန်မှု (Ms.Yang Mu) မှ လှူဒါန်းရခြင်း နှင့် ပတ်သက်၍ ပြောကြားစဉ်(ဆင်ဟွာ)

“ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းလျှင် တီဗီ တစ်လုံးလှူဒါန်းခြင်း” အခမ်းအနား ရေစက်သွန်းချအမျှပေးဝေခြင်း ပြုလုပ်ခဲ့စဉ်(ဆင်ဟွာ)

“ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းလျှင် တီဗီ တစ်လုံးလှူဒါန်းခြင်း” အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

YINGOS ဥက္ကဋ္ဌ မစ္စ ရန်မှု က လှူဒါန်း ရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကလေးငယ် များအား အများနှင့်နည်းတူ အသိပညာ ၊ အတတ်ပညာ နှင့် ဗဟုသုတ ကြွယ်ဝစေရန် အတွက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁၀၀ ကို လှူဒါန်းခဲ့ရခြင်းဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် အိမ်နီးနားချင်းနိုင်ငံ များဖြစ်ကြပြီး နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး များရှိကြကြောင်း ၊ YINGOS အနေဖြင့် ဆက်လက်၍ လိုအပ်ချက်များအပေါ် ကူညီဆောင်ရွက်သွားမှု များပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အခမ်းအနား တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော်များ မှ လှူဖွယ်ပစ္စည်းများကို ဆရာတော်ကြီးများထံသို့ ပေးအပ်လှူဒါန်း ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးရုံး မှ ဦးစိန်မော် က ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။

ထို့နောက်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ကြီးကြပ်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဆရာတော် ဦးပညာသာမိ မှ ရေစက်ချအနုမောဒနာ တရားတော် နာယူ၍ ရေစက်သွန်းချအမျှပေးဝေခြင်း ဆောင်ရွက်ပြီး အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခဲ့သည်။

တရုတ်နိုင်ငံယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာအရပ်ဘက် အဖွဲ့အစည်း (YINGOS) သည် ၂၀၁၄ ခုနှစ်မှ စတင်၍ မြန်မာ နိုင်ငံ တွင် ပရဟိတ လုပ်ငန်း စီမံကိန်း ၅ ချမှတ်ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး ကဏ္ဍ ဆိုင်ရာ ကူညီဆောင်ရွက်မှု ၊ ကျေးလက် နှင့် ဘုန်တော်ကြီးကျောင်း များအား ရုပ်သံကြည့်ရှုနိုင်ရန် ကူညီဆောင်ရွက်မှု ၊ လမ်းများတည်ဆောက်ရေး နှင့် ပညာရေး ကဏ္ဍ ကူညီဆောင်ရွက်မှု များပါဝင်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.