Connect with us

Social

မြန်မာ နိုင်ငံ မှ မွေးရာပါ ကလေး နှလုံး ရောဂါ ဝေဒနာရှင် ကလေး ၅၀ အား တရုတ် နိုင်ငံ ၌ ကုသပေးမည်

နှလုံးရောဂါဝေဒနာရှင် ကလေးငယ်တစ်ဦးအား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် ဧည့်သည်တော် များက ရန်ကင်း ကလေးဆေးရုံကြီး ၌ သွားရောက် ကြည့်ရှုအားပေးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

ခေတ်သစ် ပိုးလမ်းမကြီးဖော်ဆောင်မှု မှ တဆင့် တရုတ်-မြန်မာချစ်ကြည်ရေးတိုးတက် မြင့်မားစေမည့် ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် မြန်မာနိုင်ငံ ရှိမွေးရာပါ နှလုံးရောဂါ ခံစားနေရသည့် ကလေးငယ်များအား တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပူးပေါင်း၍ ကုသပေးသည့် အစီအစဉ် ကို ယနေ့မတ်လ ၂၈ ရက်တွင် စတင် ဆောင်ရွက် ခဲ့သည်။

အခမ်းအနား ကို ရန်ကုန်မြို ့ရန်ကင်းကလေးဆေးရုံ၌ ယနေ့မတ် ၂၈ ရက် နံနက် ၉ နာရီ အချိန် တွင် ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) စာနယ်ဇင်းလောကကုသိုလ်ဖြစ်လုပ်ငန်းဖွံ့ဖြိုးရေးအသင်း အမှုဆောင် ဥက္ကဋ္ဌ မစ္စတာရွှီရိရွှမ်း ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ဆေးရုံ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ယခု ပူးပေါင်းဆောင်ရွက် သည့် အစီအစဉ် မှာ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှု အတွက် ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖြစ်သည့် အပြင် မြန်မာ နိုင်ငံ မှ ဆေးပညာ နှင့် တရုတ် နိုင်ငံ ဆောင်ရွက်နေသည့် ဆေးဝါးကုသမှု အကြားပေါင်းကူးတံတား ဖြစ်လာမည်ဟုယုံကြည်ကြောင်း ၊ နှစ်နိုင်ငံအကြားကဏ္ဍအသီးသီးအလုပ်သဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှု များပိုမိုလုပ်ဆောင်သွားနိုင်ရန် ဆန္ဒပြုကြောင်း ၊ တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံ ၏ အနီးဆုံးအိမ်နီးချင်း နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြားဆွေမျိုးပေါက်ဖော် ဆက်ဆံရေးတည်ရှိကြောင်း ၊ ယခုဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဆိုင်ရာအကူအညီပေးမှု တစ်ရပ်သည် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှု အတွက် ကဏ္ဍသစ် တစ်ရပ် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာတရုတ် နိုင်ငံသံအမတ်ကြီးဟုန်လျန် က တရုတ်-မြန်မာ နှစ်နိုင်ငံသည် အစဉ်အမြဲအပြန်အလှန် ကူညီမှု ထားရှိကြသည့် အိမ်နီးချင်း နိုင်ငံများဖြစ်ကြကြောင်း ၊ တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံ ၏ မိတ်ဆွေ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် မြန်မာ နိုင်ငံ ၏ လိုအပ်ချက်များကိုကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ယခုအစီအစဉ် မှတစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကြားဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို မြှင့်တင် နိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် စကားပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကင်းကလေးဆေးရုံကြီး မှ ကလေးနှလုံးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဦးက ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) စာနယ်ဇင်းလောက ကုသိုလ်ဖြစ်လုပ်ငန်းဖွံ့ဖြိုးရေးအသင်းအမှုဆောင် ဥက္ကဋ္ဌ မစ္စတာရွှီရိရွှမ်း က ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

ရန်ကင်းကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာမြင့်မြင့်ခိုင်က ကျေးဇူးတင် စကားပြောကြား နေစဉ်(ဆင်ဟွာ)

အခမ်းအနား တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော်များမှ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့စဉ်(ဆင်ဟွာ)

မွေးရာပါ ကလေးနှလုံးရောဂါ ဝေဒနာ ခံစားနေရသည့် ကလေးငယ် အား စစ်ဆေးမှု များဆောင်ရွက်ပေးနေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး တို့မှ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံအတွင်းမွေးရာပါကလေးနှလုံးရောဂါလူနာများ၏ ကုသမှု အခြေအနေ များကို ရန်ကင်းကလေးဆေးရုံကြီး မှ ကလေးနှလုံးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဦးကလည်းကောင်း ၊ မွေးရာပါကလေးနှလုံးရောဂါလူနာများကိုကုသပေးမည့် အစီအစဉ် များနှင့် အသင်းလုပ်ဆောင်ချက်များ နှင့် ပတ်သက်၍ တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) စာနယ်ဇင်းလောကကုသိုလ်ဖြစ်လုပ်ငန်းဖွံ့ဖြိုးရေးအသင်းအမှုဆောင် ဥက္ကဋ္ဌ မစ္စတာရွှီရိရွှမ်း က လည်းကောင်းအသီးသီးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရန်ကင်းကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာမြင့်မြင့်ခိုင်ကယခုကဲ့သို့ ကုသမှုပြုလုပ်ပေးခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုကိုပိုမိုတိုးတက်လာစေရန် နှင့် မွေးရာပါကလေးနှလုံးရောဂါ ခံစားနေရသောကလေးငယ်များကိုကျန်းမာသည့် လူနေမှု ဘဝရရှိနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်သည့် အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက်မိကြောင်း ၊ ယခုအစီအစဉ် မှ တစ်ဆင့် တရုတ်နိုင်ငံ မှ ဆောင်ရွက်နေသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ကိုသိရှိခဲ့ရပြီးကောင်းမွန်သည့် လမ်းကြောင်း ဖြစ်သည့် အတွက် အောင်မြင်စွာလျှောက်လှမ်းနိုင်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးတိုးတက်မြင့်မားလာစေရန် ဆုမွန်ကောင်းတောင်းကြောင်းပြောကြားခဲ့သည်။

ယခုပြုလုပ်ခဲ့သည့် မွေးရာပါကလေးနှလုံးရောဂါ ဝေဒနာရှင်များအားတရုတ် နိုင်ငံသို့ အခမဲ့ ဆေးဝါးကုသရန် ပို့ဆောင်ပေးမည့် အစီအစဉ် နှင့် ပတ်သက်၍ ရန်ကင်းကလေးဆေးရုံကြီးမှ ကလေး နှလုံးအထူးကု ဆရာဝန်ကြီးပါမောက္ခ ဒေါက်တာခင်မောင်ဦးက ကျေးဇူးတင် ဝမ်းမြောက်ကြောင်းဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ဝမ်းသာတာပေါ့။ကျွန်တော်တို့နိုင်ငံမှာခွဲဖို့တန်းစီပြီးစောင့်နေရတဲ့ ကလေးတွေကို မြန်မြန် အချိန်တိုအတွင်းမှာခွဲစိတ် ကုသနိုင်လို့ကောင်းသွားမယ် ဆိုရင် ဝမ်းသာတာပေါ့။တခါတလေမှာတန်းစီပြီးစောင့်နေရတဲ့ ကလေးတွေမှာအရေးကြီးရင် ကြီးသလိုထည့်ပြီးတော့ ဦးစားပေးလုပ်ပေးတာတွေ ရှိပါတယ်။ဒါပေမယ့် ကျွန်တော်တို့လုပ်ပေးနိုင်တဲ့ အတိုင်းအတာထက်ကိုလူနာတွေကများနေတဲ့ အခါမှာ ကျွန်တော်တို့လုပ်ပေးနိုင်တဲ့ စွမ်းရည်ထက် များနေတဲ့ အခါမှာခုလို ပြင်ပအကူအညီနဲ့ဝင်ပြီး ကျွန်တော်တို့ဘက်ကိုကူညီပေးတဲ့ အတွက် အများကြီးကျေးဇူးတင်တာပေါ့။”ဟုပါမောက္ခ ဒေါက်တာခင်မောင်ဦးကပြောကြားခဲ့သည်။

တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) စာနယ်ဇင်းလောက ကုသိုလ်ဖြစ် လုပ်ငန်းဖွံ့ဖြိုးရေးအသင်း အမှူဆောင် ဥက္ကဋ္ဌ မစ္စတာရွှီရိရွှမ်း က မွေးရာပါ ကလေး နှလုံးရောဂါ ဝေဒနာသည် ကလေးသူငယ်များကိုသေဆုံးစေသည့် အဓိကရောဂါဝေဒနာတစ်ခု ဖြစ်ပြီး မြန်မာ နိုင်ငံအနေဖြင့် လက်ရှိချိန်တွင် ဆေးဝါကုသမှု ပိုင်းတွင် လိုအပ်ချက်ရှိသောကြောင်းလာရောက်ကူညီခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခုဆောင်ရွက်မှု သည်လည်းတရုတ် နိုင်ငံသမ္မတရှီကျင့်ဖိန် ဦးစီးဆောင်ရွက်နေသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် လမ်းကြောင်းတစ်လျှောက် ပြည်သူအကြားစိတ်သဘောထားခြင်းချိတ်ဆက်မှု ဆောင်ရွက်ချက် တစ်ခု ဖြစ်ကြောင်း ၊ မွေးရာပါကလေးနှလုံးရောဂါ ဝေဒနာသည် ကုသမှု ခံယူပြီးနောက်ပိုင်းတွင် လုံးဝကောင်းမွန်သွား နိုင်သည့် ဝေဒနာတစ်မျိုးဖြစ်ကြောင်း ၊ အိမ်ထောင်စုတစ်ခုတွင် ဝေဒနာခံစားနေရသည့် ကလေးငယ် တစ်ဦးရှိပါကမိသားစုတစ်ခုလုံးအတွက် အခက်အခဲဖြစ်စေသောကြောင့် ယခုလိုကလေးငယ် ၅၀ ဦးအားဆေးဝါးကုသရန် အတွက် အစအဆုံးအခမဲ့ ကူညီဆောင်ရွက်ပေးခြင်းသည် မိသားစု ၅၀ ကိုကူညီလိုက်သကဲ့သို့ ဖြစ်ကြောင်းပြောကြားခဲ့သည်။

မွေးရာပါ နှလုံး ဝေဒနာ ခံစားနေရသည့် အသက် ၁၆ နှစ် အရွယ်ရှိမခိုင်သဇင်သန့်က တရုတ်နိုင်ငံ က လာရောက် စမ်းသပ် ကုသပေးမည် ဆိုသည်ကိုသိရှိပြီးကျေးဇူးတင်ကြောင်းဆင်ဟွာသို့ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ၊ ဥက္ကံမြို့နယ်မှ လာရောက် ပြသသောအသက် ၁၄ နှစ် အရွယ်ရှိရှင်သာမဏေ၏ လူနာရှင် ဒေါ်သန်းသန်းစိုးက “ကျွန်မအများကြီးကျေးဇူးတင်ပါတယ်။ကျွန်မမှာ ငွေကြေး အခက်အခဲတွေ ရှိတယ်။ဒီကလေးကိုလေဒီမှာလဲမခွဲနိုင်ဘူး။ကုသဖို့တောင် အရမ်းခက်ခဲပါတယ်။ဒီကိုလာတာတောင် ငွေကြေး အခက်အခဲရှိပါတယ်။အခုလိုတရုတ်နိုင်ငံကကုပေးမယ် ဆိုရင် အများကြီးကျေးဇူးတင်ပါတယ်။” ဟုဆင်ဟွာသို့ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ၊ မာန်အောင်ကျွန်းမှ လာရောက် ပြသသည့် အသက် ၇ နှစ် အရွယ်ရှိမွေးရာပါ နှလုံး ဝေဒနာရှင် ကလေးငယ်၏ လူနာရှင် ဒေါ်အေမီစိုးက “ကျွန်မတို့က အတိုင်းမသိ ဝမ်းသာတာပေါ့။ကျွန်မကလေးက နှလုံးရောဂါကမွေးထဲကပါတာဆိုတော့ စိတ်ဆင်းရဲရပါတယ်။အဲဒီအတွက် တအားကျေးဇူးတင်ပါတယ်။” ဟုပြောကြားခဲ့သည်။

ယခု ဆောင်ရွက်သည့် အစီအစဉ်သည် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၉ ရက်အတွင်းက မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တို့တွေ့ဆုံရာတွင် ဖြစ်ပေါ်လာသည့် အစီအစဉ် ဖြစ်ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၊ တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် စာနယ်ဇင်းလောက ကုသိုလ်ဖြစ် လုပ်ငန်းဖွံ့ဖြိုးရေးအသင်း နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီ ပြန်ကြားရေး ဦးစီးဌာန တို့မှ ဦးစီးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ခွဲစိတ် ကုသမှု လုပ်ငန်းကို တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် နှင့် ပေကျင်းမြို့ရှိ An Zhen ဆေးရုံကြီး တို့မှ ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.