ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပြည်သူ့လုံခြုံရေး ဝန်ကြီးဋ္ဌာန လက်အောက်တွင် နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေး အုပ်ချုပ်ရေးဋ္ဌာန အား ဖွဲ့စည်းရန် စီစဉ်နေကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးသို့ ဆုံးဖြတ်ချက်ရယူရန် မတ် ၁၃ရက်တွင်တင်သွင်းသော နိုင်ငံတော်ကောင်စီ၏ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ် ပါ စာတမ်းတစ်ခုအရသိရသည်။
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) ၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး အား မတ် ၁၃ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊မတ် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ခိုင်မာသောစစ်တပ်တစ်ခုကို တည်ဆောက်ရေး နှင့် တရုတ်လူမျိုးတို့၏ အိပ်မက်ကို အကောင်အထည်ဖော်ရေးုကို အားပေးထောက်ခံရန်အတွက် အနာဂတ်ကာလတွင် စစ်ဖက်-အရပ်ဖက် နက်ရှိုင်းစွာ ပေါင်းစည်းရေးကို လက်တွေ့ကျကျ ကြိုးပမ်းအားထုတ်သွားကြရန် မတ်လ ၁၂ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ၏ ဦးဆောင်မှုအခန်းကဏ္ဍသည် တရုတ်ဝိသေသလက္ခဏာများ နှင့်အတူ ဆိုရှယ်လစ်ဝါဒ၏ ပုံရိပ်ကို အဓိပ္ပာယ်သတ်မှတ်ခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ချက်အား မတ် ၁၁ရက်တွင် ပြဋ္ဌာန်းခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားဥပဒေပြုရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ၌ ခေတ်သစ်တွင် တရုတ်ဝိသေသလက္ခဏာများ နှင့်အတူ ဆိုရှယ်လစ်ဝါဒအပေါ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အတွေးအမြင်အား ထည့်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များကို မတ် ၁၁ရက် နေ့လည်ပိုင်းတွင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) ပြည်ပနိုင်ငံများတွင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ မျှတပြီး သာတူညီမျှ ဆက်ဆံသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးက မတ်လ ၁၀ ရက်က ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ဂျပန်နိုင်ငံ ပါဝင်လာသည့်အတွက် ကြိုဆိုကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ကျုံးစန်းက မတ်လ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံဦးဆောင်ကျင်းပပြီး အခြားနိုင်ငံများနှင့်နိုင်ငံတကာ အဖွဲ့အစည်းများအတူပါဝင်ကြသည့်ပွဲဖြစ်သောကြောင့် တရုတ်နိုင်ငံတစ်နိုင်ငံတည်း၏တပင်တိုင်ကုန်စည်ပြပွဲ မဟုတ်ဘဲ နိုင်ငံအသီးသီးပါဝင်ကြသည့် ကုန်စည်ပြပွဲကြီးဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကျုံးစန်းက မတ်လ ၁၁ ရက်တွင် ကျင်းပသော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်ဆွေးနွေးပွဲ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားရန် မလိုလားသလို စစ်ပွဲအသစ်လည်း စတင်စေမည် မဟုတ်ကြောင်း၊ သို့သော် နိုင်ငံ၏ အမျိုးသားရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် စိန်ခေါ်မှုမျိုးကိုမူ ကာကွယ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး က မတ်လ ၁၁...
ပေကျင်း၊ မတ် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Zhou Xiaochuan က မတ်လ ၉ ရက်ကကျင်းပသည့် ၁၃ ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍ ပိုမိုကောင်းမွန်စွာတိုးတက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။