Connect with us

NPC

တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲတွင် နိုင်ငံတကာ ပူးပေါင်းပါဝင်

တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ကျုံးစန်းအား သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံဦးဆောင်ကျင်းပပြီး အခြားနိုင်ငံများနှင့်နိုင်ငံတကာ အဖွဲ့အစည်းများအတူပါဝင်ကြသည့်ပွဲဖြစ်သောကြောင့် တရုတ်နိုင်ငံတစ်နိုင်ငံတည်း၏တပင်တိုင်ကုန်စည်ပြပွဲ မဟုတ်ဘဲ နိုင်ငံအသီးသီးပါဝင်ကြသည့် ကုန်စည်ပြပွဲကြီးဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကျုံးစန်းက မတ်လ ၁၁ ရက်တွင် ကျင်းပသော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်ဆွေးနွေးပွဲ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက ယခုလိုကုန်စည်ပြပွဲကျင်းပခြင်းသည် တရုတ် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်အရ ဖြစ်သလို ၊ကမ္ဘာ့ကုန်သွယ်ရေး ဖွံ့ဖြိုးမှုလိုအပ်ချက်အရ ကုန်သွယ်ရေး ပလက်ဖောင်းတည်ဆောက်ရခြင်းဖြစ်ကြောင်း၊ လူသားတို့၏ကံကြမ္မာတူအကျိုးတူဖြစ်လာစေရန် တံခါးဖွင့်စီးပွား ပိုမို တိုးတက်လာစေရန် ယခုလို ကုန်စည်ပြပွဲကြီး ကျင်းပရခြင်းဖြစ်ကြောင်း ဆိုပါသည်။

တရုတ်နိုင်ငံက ပါဝင်ကျင်းပမည့်နိုင်ငံများနှင့်လုပ်ငန်းရှင်များကို အစစအရာရာအဆင်ပြေလွယ်ကူချောမွေ့ စေရန် ကူညီထောက်ပံ့မှုများပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှုအားအနည်းဆုံးနိုင်ငံများအတွက် ကုန်စည်ပြပွဲကို အခမဲ့ပါဝင်ကျင်းပခွင့်ပေးမည်ဖြစ်ကြောင်း ၊ ၎င်းကုန်စည်ပြပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရှန်ဟိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ၊ ယခုနှစ်မှစ၍ နှစ်စဉ်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကုန်စည်ပြပွဲ၏ ကြိုတင်ပြင်ဆင်မှုအခြေအနေနှင့်စပ်လျဉ်း၍ ကျုံးစန်းက ကုန်စည်ပြပွဲကို နိုင်ငံစီပွားရေးပုံရိပ် ပြပွဲနှင့်ကုန်သွယ်ရေးလုပ်ငန်းရှင်ပြပွဲဟူ၍ နှစ်ပိုင်းခွဲထားကြောင်း ၊ လက်ရှိ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို စနစ်တကျ အလျှင်အမြန်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ပြပွဲပါဝင်ကျင်းပရန် နာမည်စာရင်းများကောက်ခံပြီး ဖြစ်ကြောင်း၊ နာမည်စာရင်းပေးသွင်းမှုမှာ ကြိုတင်ခန့်မှန်းသည်ထက် များပြားကြောင်း ၊ နိုင်ငံစီးပွားရေးပုံရိပ်ပြပွဲ တွင် ပါဝင်ကျင်းပသည့်နိုင်ငံများ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ပုံ၊ ပြည်ပနှင့်ပူးပေါင်းဆောင်ရွက်ပုံများကို အဓိက ပြသထားမည်ဖြစ်ပြီး ယခုလက်ရှိ နာမည်စာရင်းပေးသွင်း ထားသောနိုင်ငံမှာ ဖိတ်ကြားရန် ကြိုတင်ခန့်မှန်းထား သည့် နိုင်ငံ ၆၀ ကျော်နေပြီဖြစ်ကြောင်း ၊ ကုန်သွယ်ရေး လုပ်ငန်းရှင်ပြပွဲတွင် ကုန်ပစ္စည်းဝန်ဆောင်မှုများ ခင်းကျင်းပြသထားမည်ဖြစ်ရာ ယခုလက်ရှိ နိုင်ငံနှင့်ဒေသပေါင်း ၁၂၀ ကျော်မှ လုပ်ငန်းရှင်များ အမည်စာရင်း ပေးသွင်းထားပြီဖြစ်ကြောင်း၊ ကုန်စည်ပြပွဲကျင်းပသည့်အခါတွင် ပြပွဲသို့ ကုန်ပစ္စည်းလာရောက်ဝယ်ယူသူ ပြည်တွင်းပြည်ပနိုင်ငံတကာ ကုန်သည် အယောက် ၁ သိန်း ၅သောင်း လာရောက်နိုင်ဖွယ်ရှိကြောင်း ဆိုသည်။ (Xinhua)