Connect with us

NPC

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က စစ်ဖက်-အရပ်ဖက် နက်ရှိုင်းစွာ ပေါင်းစည်းရန် ပြောကြား

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက်၌ မိန့် ခွန်းပြောကြားနေသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း၊မတ် ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ခိုင်မာသောစစ်တပ်တစ်ခုကို တည်ဆောက်ရေး နှင့် တရုတ်လူမျိုးတို့၏ အိပ်မက်ကို အကောင်အထည်ဖော်ရေးုကို အားပေးထောက်ခံရန်အတွက် အနာဂတ်ကာလတွင် စစ်ဖက်-အရပ်ဖက် နက်ရှိုင်းစွာ ပေါင်းစည်းရေးကို လက်တွေ့ကျကျ ကြိုးပမ်းအားထုတ်သွားကြရန် မတ်လ ၁၂ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ လည်းဖြစ်သူ သမ္မတရှီက ကျင်းပဆဲ နိုင်ငံ၏ ဥပဒေပြုအစည်းအဝေးဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ကိုယ်စားလှယ်များ နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့များအကြား ပြုလုပ်သော မျက်နှာစုံညီအစည်းအဝေးသို့တက်ရောက်စဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ကိုယ်စားလှယ်များအား လိုက်လံနုတ်ဆက်နေစဉ်(ဆင်ဟွာ)

“ခေတ်သစ်မှာ ခိုင်မာတောင့်တင်းတဲ့ စစ်တပ်တစ်ခုကို တည်ဆောက်ဖို့ဆိုတဲ့ ပါတီရဲ့ ရည်မှန်းချက်ကို နားလည်သဘောပေါက်ပြီး မဟာဗျူဟာကျကျ စွမ်းဆောင်ရည် ရှိဖို့နဲ့ အမျိုးသားမဟာဗျူဟာကို တိုးမြှင့်တည်ဆောက်ဖို့အတွက် မဟာဗျူဟာမြောက် စစ်ဖက်-အရပ်ဖက် ပေါင်းစည်းရေး အကောင်အထည်ဖော်ဆောင်ရွက်မှုဟာ ကြိုတင်လိုအပ်ချက်တစ်ခုအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ရှီက ဆိုသည်။

ရှီက တရုတ်နိုင်ငံ၏ စစ်တပ်ကို အရည်အသွေးမြင့်မားပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ၊ စွမ်းဆောင်ရည်ပြည့်ဝအောင်၊ သိပ္ပံ နှင့် နည်းပညာ အဆင့်အတန်းမြင့်မားအောင် တွန်းအားပေးရန် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း ဆိုသည်။

၎င်းက တရုတ်နိုင်ငံစစ်တပ်တွင် တရားဥပဒေစိုးမိုးရေးအား စည်းစနစ်ကျကျ တည်ဆောက်သွားရန် တိုးမြှင့်လုပ်ဆောင်သင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန်

Link- http://www.xinhuanet.com/english/2018-03/12/c_137034168.htm

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.