Connect with us

Africa & Middle East

ပါကစ္စတန်တောင်ပိုင်းရှိ မိဘမဲ့ဂေဟာတွင် မီးလောင်ကျွမ်းမှုကြောင့် ကလေး ၅ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မီးလောင်ကျွမ်းခဲ့သည့် မိဘမဲ့ဂေဟာရှိ အခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Mirpur Khas ခရိုင်ရှိ မိဘမဲ့ဂေဟာ တစ်ခုတွင် မီးလောင်ကျွမ်းခဲ့ရာ ကလေးငယ် ၅ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက စက်တင်ဘာလ ၃၀ ရက်က သတင်း တင်ပြထားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် ပါကစ္စတန်နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ်၊ Mirpur Khas ခရိုင်၊ Liaquat မြို့ရှိ ပုဂ္ဂလိက မိဘမဲ့ဂေဟာဖြစ်သည့် Pakistan Sweet Homes ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ် ဖြစ်နေပြီး တာဝန်ရှိသူများ၏ အဆိုအရ ဆားကစ် လောင်ကျွမ်းခြင်းကြောင့် ဖြစ်ပြီး အခြားသူများ၏ ပြောကြားချက်မှာမူ ကလေးငယ် တစ်ဦးက ခြင်ဆေးခွေအပေါ်သို့ ရေမွှေးဖြန်းလိုက်သည့်အတွက် မီးလောင်ရခြင်း ဖြစ်ကြောင်း သိရသည်။

မီးသတ်သမားများနှင့် ကယ်ဆယ်ရေး အဖွဲ့များသည် အခင်းဖြစ်ပွားသည့် နေရာသို့ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရရှိသည့် ကလေးငယ်များအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့် အခန်းအတွင်း ကလေးငယ် ၁၁ ဦး ရှိနေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းအား ထပ်မံ စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.