Connect with us

Africa & Middle East

မိုဂါဒစ်ရှုးမြို့ရှိ စားသောက်ဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး ၄ ဦးသေဆုံး


မိုဂါဒစ်ရှုး ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

ဆိုမာလီးယားနိုင်ငံ မိုဂါဒစ်ရှုးမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ အောက်တိုဘာလ ၁ ရက် က ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

မိုဂါဒစ်ရှုးမြို့ရှိ Blue Sky စားသောက်ဆိုင်အပြင်ဖက်၌ ရပ်ထားသော ကားတစ်စီးကို အဝေးထိန်းခလုတ်ဖြင့် ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိ Abdishakur Farah က ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။

ဆိုမာလီးယားနိုင်ငံ မိုဂါဒစ်ရှုးမြို့၌ အောက်တိုဘာ ၁ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီး တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ စားသောက်ဆိုင်သည် ဆိုမာလီးယား အမျိုးသားထောက်လှမ်းရေး နှင့် လုံခြုံရေးအေဂျင်စီက ထိန်းချုပ်ထားသည့် အကျဉ်းထောင်အနီးတွင် တည်ရှိကြောင်း သိရသည်။ ပေါက်ကွဲမှုအသံကို ကျယ်လောင်စွာကြားခဲ့ရပြီး မီးခိုးများသည် အနီးပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကြောင်း မျက်မြင်သက်သေတစ်ဦးဖြစ်သူ Mustafa Sheik က ဆိုသည်။

ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း မည်သည့်အဖွဲ့အစည်းက မှ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ သို့သော် Al-Shabaab ဆိုမာလီးယား အစ္စလမ်မစ်အကြမ်းဖက်အဖွဲ့သည် အလားတူ တိုက်ခိုက်မှု ပုံစံမျိုးကို နိုင်ငံအတွင်း၌ မကြာခဏပြုလုပ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.