Connect with us

Africa & Middle East

အစ္စရေး သမ္မတဟောင်း ပီရက်စ် ဈာပန အခမ်းအနားသို့ တက်ရောက်ရန် ကမ္ဘာ့ခေါင်းဆောင်များ ဂျေရုဆလမ်တွင် စုဝေး

အစ္စရေး သမ္မတဟောင်း ရှီမွန် ပီရက်စ်၏ ဈာပန အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ တည်ထောင်သူ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ရှီမွန် ပီရက်စ်အား နောက်ဆုံးအကြိမ် ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနားသို့ တက်ရောက်ရန် ကမ္ဘာ့ ခေါင်းဆောင်များ စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့၌ စုဝေး ရောက်ရှိနေကြောင်း သိရသည်။

ဂုဏ်ထူးဆောင် အစောင့်အရှောက်များဖြင့် သယ်ဆောင်လာသည့် ပီရက်စ်၏ ရုပ်ကလာပ်ထည့်ထားသည့် ခေါင်းတလားကို Mount Herzl သင်္ချ ိုင်း၏ ပင်မခန်းမဆောင်အတွင်းသို့ သယ်ဆောင်လာခဲ့သည်။

အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၊ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နှင့် ပါလက်စတိုင်း သမ္မတ မမ်မွန် အာဘတ်စ် တို့ အပါအဝင် အစ္စရေးနိုင်ငံနှင့် ကမ္ဘာ တစ်ဝန်းမှ ဂုဏ်သရေရှိ ခေါင်းဆောင်ကြီးများက ခေါင်းတလား၏ ဘေး၌ မတ်တပ်ရပ်လျက် ဂုဏ်ပြုခဲ့ကြသည်။

အာဘတ်စ်နှင့် Netanyahu တို့သည် ဆက်ဆံရေး ပျက်ပြားခဲ့သည့် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ၂၀၁၄ ခုနှစ်က ညှိနှိုင်းဆွေးနွေးမှုရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်သည်။ ပီရက်စ်၏ သမီးများ၊ သားများ၊ မြေးများ၊ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ပီရက်စ်နှင့် လက်တွဲလုပ်ကိုင်ခဲ့သည့် ၎င်း၏ လက်ထောက် သုံးဦးတို့က ငိုကြွေးနေသည့် မြင်ကွင်းအား တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့သည်။

အစ္စရေးနိုင်ငံ၏ ကိုးဦးမြောက် သမ္မတနှင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တစ်ဦး ဖြစ်သည့် ပီရက်စ်သည် ကိုမာရောဂါ ခံစားနေရပြီး လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်က လေဖြတ်ခြင်း ဝေဒနာ ခံစားခဲ့ရကာ စက်တင်ဘာလ ၂၈ ရက်က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.