Connect with us

Africa & Middle East

ဘဂ္ဂဒက်တွင် အသေခံဗုံးခွဲသမားတစ်ဦးကြောင့် ပြည်သူ ကိုးဦးသေဆုံး

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်တွင်ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘဂ္ဂဒက်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်မြို့ ရှိ လူစည်ကားရာအရပ်တစ်ခုတွင် ဗုံးဖောက်ခွဲရန်ကြိုးစားခဲ့သည့် အသေခံဗုံးခွဲသမားတစ်ဦးအား အီရတ်လုံခြုံရေးတပ်ဖွဲ့များက စက်တင်ဘာ ၁၀ ရက်တွင် အသေပစ်ခတ်နိုင်ခဲ့သော်လည်း ဗုံးပေါက်ကွဲခဲ့၍ ပြည်သူ တစ်ဦး နှင့် အခြား ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခု ကပြောကြားခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့များသည် သတင်းပေးချက်အရ ဘဂ္ဂဒက်မြို့လယ်ခေါင် ရှိ Alawi ခရိုင် ၏ ပို့ဆောင်ရေးအချက်အချာ နေရာတစ်ခုတွင် ဗုံးဖောက်ခွဲရန် ကြံစည်နေသည့် အသေခံဗုံးခွဲသမားတစ်ဦးအား အသေပစ်ခတ်ခဲ့သော်လည်း ဗုံးခွဲသမား သည် ဗုံးစနက်တံကို ဖြုတ်ခဲ့၍ လမ်းသွားလမ်းလာ တစ်ဦး နှင့် အခြား လူ ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
၎င်းက လုံခြုံရေး တပ်ဖွဲ့များက ဗုံးခွဲတိုက်ခိုက်မှုကို ဖော်ထုတ်နိုင်ခဲ့သော်လည်း အသေခံဗုံးခွဲသမားသည် လူစည်ကားသောနေရာ၌ အသေခံဗုံးခွဲခဲ့၍ လူသေဆုံးမှု များပြားလာနိုင်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအား မည်သည့် အကြမ်းဖက်အုပ်စုက ပြုလုပ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း IS စစ်သွေးကြွအုပ်စုသည် ထိုကဲ့သို့ အီရတ်နိုင်ငံတစ်လျှောက် လူစည်ကားရာနေရာများ ဖြစ်သည့် ဈေး၊ ကော်ဖီဆိုင် နှင့် ဗလီများကို ပစ်မှတ်ထား၍ အသေခံဗုံးခွဲမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
အီရတ်နိုင်ငံသည် ၎င်း၏ မြောက်ပိုင်း နှင့် အနောက်ပိုင်း ဒေသများအား IS စစ်သွေးကြွအကြမ်းဖက်အုပ်စု က ထိန်းချုပ်ခဲ့သည့် ၂၀၁၄ခုနှစ်မှ စ၍ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် မကြာခဏ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
အီရတ်နိုင်ငံ ၌ သြဂုတ်လအတွင်း အကြမ်းဖက်လုပ်ရပ်များ၊ ဆူပူမှုများ နှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် အီရတ်နိုင်ငံသား ၆၉၁ဦး သေဆုံးခဲ့ဲပြီး ၁,၀၁၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအထောက်အပံ့ပေးရေး က အစောပိုင်းတွင်ပြောကြားခဲ့သည်။
၂၀၀၃ခုနှစ် မတ်လတွင် အီရတ်နိုင်ငံအား အမေရိကန်နိုင်ငံက ဝင်ရောက် ကျူးကျော်ခဲ့သည့် အတွက်ကြောင့် ယခုကဲ့သို့ မတည်ငြိမ်မှုများဖြစ်ပေါ်လာခြင်း၊ အကြမ်းဖက်များ များပြားလာခြင်း၊ IS အဖွဲ့ကဲ့သို့ အစွန်းရောက် အကြမ်းဖက်အဖွဲ့များ ထွက်ပေါ်လာကြောင်း လူအများက အမေရိကန်အား စွပ်စွဲပြစ်တင်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.