Connect with us

Africa & Middle East

တန်ဇန်းနီးယား မြေငလျင်ကြောင့် လူ၁၁ထက်မနည်းသေဆုံး၊ ၂၀၀ကျော် ဒဏ်ရာရရှိ

တန်ဇန်းနီးယား မြေငလျင် ကြောင့် ပြိုကျခဲ့သည့် အဆောက်အအုံတစ်လုံးအားတွေ့ရစဉ် (ဆင်ဟွာ)

တန်ဇန်းနီးယား၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ဘက်တွင် စက်တင်ဘာ ၁၀ ရက်က အင်အား ၅.၇ မဂ္ဂနီကျု ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ၁၁ဦး ထက်မနည်းသေဆုံးပြီး လူ၂၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ငလျင်သည် တန်ဇန်းနီးယားနိုင်ငံ၏ အနောက်မြောက်ပိုင်း ရှိ ဗစ်တိုးရီးယားရေကန် ကမ်းနားတွင် တည်ရှိသော ခါဂဲရာ နှင့် မွမ်ဇာမြို့တို့တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ခါဂဲရာဒေသဆိုင်ရာ ရဲမှူး သြဂုတ်စတီနို အိုလိုမီ က ငလျင်လှုပ်ခတ်မှုအတွင်း အနည်းဆုံး လူ၁၁ဦးသေဆုံးပြီး အခြားလူ ၂၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ခါဂဲရာဒေသဆိုင်ရာ မဟာမင်းကြီး ဆလန် ကီဂျူး က နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေအိမ် ရာပေါင်းများစွာနှင့် အခြားအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဆင်ဟွာသတင်းဋ္ဌာန နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခု ၌ဖြေကြားခဲ့သည်။
ကီဂျူးက “ အခုအချိန်မှာတော့ ထိခိုက်ဒဏ်ရာရရှိတဲ့ လူစာရင်း အတိအကျနဲ့ နေအိမ်အပါအဝင် အခြားပျက်စီးခဲ့တဲ့ အဆောက်အအုံ အရေအတွက်ကို ပြောပြပေးဖို့အတွက် အရမ်းစောနေပါသေးတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်း ငလျင်ဒဏ်ခံခဲ့ရတဲ့ နေရာတွေဆီ ပို့လွှတ်ထားပါတယ်” ဟုပြောကြားခဲ့သည်။
၎င်းက “သို့သော် အပျက်အစီး ပမာဏက ကြီးမားလိမ့်မယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ ဒဏ်ရာရရှိသူအများစု ကို ဆေးရုံတွေဆီ ပို့ဆောင်ပေးထားပေမယ့် ဆေးဝါးမလုံလောက်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေရပါတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ငလျင်သည် ဖော်ပြပါဧရိယာများ၌ ဒေသစံတော်ချိန် နံနက် ၉း၂၇နာရီတွင် စတင် လှုပ်ခတ်ခဲ့ရာ လူအများအပြား အလန့်တကြားဖြင့် ၎င်းတို့၏ အဆောက်အအုံများကိုစွန့်ခွာထွက်ပြေးခဲ့ကြကြောင်း ကီဂျူး၏ပြောကြားချက်အရ သိရသည်။
ခါဂဲရာဒေသခံတစ်ဦးဖြစ်သူ အမ်မလန်းစီရာနာ ဘန်ဂျမင် က နေအိမ်တစ်ချို့ သည် အချိန်မရွေးပြိုကျနိုင်သည့် အခြေအနေတွင်ရှိနေကြောင်း၊ ဆီမီယူ နှင့် မာရာဒေသများတွင်လည်း ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။
တန်ဇန်းနီးယား မိုးလေဝသ ဦးစီးဋ္ဌာန (TMA) အရာရှိတစ်ဦးဖြစ်သူ Augustino Nduganda က မွမ်ဇာဒေသတွင် ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး အသေးစိတ်အချက်အလက်ကို ပြောကြားခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.