Connect with us

Africa & Middle East

ကမ္ဘာ့အကြီးဆုံး ရွှေလက်စွပ်အား ယူအေအီးရှိ ဈေးဝယ်စင်တာတွင် ပြသမည်

ကမ္ဘာ့အကြီးဆုံး ရွှေလက်စွပ် Najmat Taiba အား တွေ့ရစဉ် (ဆင်ဟွာ)

ဒူဘိုင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ ရှာဂျာမြို့ရှိ ဆာဟာရာစင်တာ (Sahara Center) ဈေးဝယ်စင်တာ၌ ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) မှစတင်ကာ ကမ္ဘာ့အကြီးဆုံး ရွှေလက်စွပ် Najmat Taiba (အာရပ်ဘာသာဖြင့် Taiba ကြယ်ပွင့်) အား ပြသထားကြောင်း စင်တာ၏ အီးမေးလ် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းဈေးဝယ်စင်တာ၌ ဒေါ်လာ ၃ သန်းတန် အဆိုပါ ရွှေလက်စွပ်အား ကြည့်ရှုနိုင်မည် ဖြစ်သည်။

၂၁ ကာရက်ရှိသော Najmat Taiba သည် အလေးချိန်အားဖြင့် ၆၃.၈၅၆ ကီလိုဂရမ်ရှိပြီး ၅.၁ ကီလိုဂရမ် (၁၁ ပေါင်) ရှိသော အဖိုးတန် ကျောက်များနှင့် စိန်များ၊ Swarovski သလင်းကျောက် ၆၁၅ ခုဖြင့် စီခြယ်အလှဆင်ထားကာ ဂင်းနစ်စံချိန် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့သလို ကမ္ဘာ့ရွှေကောင်စီကလည်း အသိအမှတ်ပြုခြင်းခံထားရသည်။

အဆိုပါ Najmat Taiba သည် ၂၀၀၀ ခုနှစ်က ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၅၀ ခန့်ရှိစဉ်ကပင် အမေရိကန်ဒေါ်လာ ၅၄၇,၀၀၀ တန်ကြေးရှိခဲ့သည်။ ရွှေဈေးမှာ တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး လက်ရှိ ဇန်နဝါရီလ ၂၈ ရက် ကမ္ဘာ့ရွှေပေါက်ဈေး အမေရိကန်ဒေါ်လာ ၁၄၉၇.၅၀ ခန့်ရှိချိန်တွင်မူ ထို ရွှေလက်စွပ်မှာ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၃ သန်းခန့် ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)