Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံတွင် အရက် အဆိပ်သင့်မှုကြောင့် လူ ၄ ဦး သေဆုံး

လစ်ဗျားနိုင်ငံတွင် အိမ်လုပ်အရက်အား သောက်သုံးရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ထရီပိုလီ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံတွင် အရက်အဆိပ်သင့်မှု ၁၁ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄ ဦးရှိကြောင်း လစ်ဗျားနိုင်ငံ ကျန်းမာရေးဋ္ဌာနက ဇန်နဝါရီလ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ထရီပိုလီ ကျန်းမာရေးစင်တာက ဇန်နဝါရီလ ၂၅ ရက်မှ ၂၇ ရက်အတွင်း အရက်အဆိပ်သင့်မှု ၁၁ မှု လက်ခံရရှိခဲ့ပါတယ်။ အဲဒီအမှုတွေထဲက လူလေးဦးသေဆုံးသွားပြီး သုံးဦးကတော့ မျက်မမြင်တွေဖြစ်သွားခဲ့တယ်။ ကျန်တဲ့ လေးဦးကတော့ အခြေအနေတည်ငြိမ်နေပါပြီ” ဟု ဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လစ်ဗျားနိုင်ငံတွင် အရက် သောက်သုံးခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းအား တားမြစ်ထားပြီး ဥပဒေအရ ပြစ်ဒဏ်ခတ်ခြင်းခံရမည် ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း လစ်ဗျားနိုင်ငံတွင် အရက် အဆိပ်သင့်မှုကြောင့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အရက် အဆိပ်သင့်မှုကြောင့် လူ သေဆုံးမှု အများဆုံးမှာ ၂၀၁၃ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၁,၀၀၀ မှု ဖြစ်ခဲ့ရာ လူ ၈၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)