Connect with us

Africa & Middle East

ကဘူးလ်ရှိ စစ်တက္ကသိုလ်အား သေနတ်သမားများ ဝင်ရောက်တိုက်ခိုက်

အာဖဂန်နစ္စတန်နိုင်ငံရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်ရှိ စစ်တက္ကသိုလ် တစ်ခုအား ယနေ့ (ဇန်နဝါရီလ ၂၉ ရက်) တွင် သေနတ်သမားများက ဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီး ပေါက်ကွဲမှုများနှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ပျက်စီးဆုံးရှုံးမှုများအား မသိရှိရသေးကြောင်း သတင်းရင်းမြစ်များနှင့် မျက်မြင်သက်သေများက ပြောကြားလိုက်သည်။

အဆိုပါ တိုက်ခိုက်မှုသည် Marshal Fahim အမျိုးသား ကာကွယ်ရေးတက္ကသိုလ် ရှေ့ဘက်ဝင်ပေါက်တွင် ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်ထားသူ တစ်ဦးက ဒေသစံတော်ချိန် နံနက် ၅း၀၀ နာရီခန့်၌ စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒုတိယမြောက် စစ်သွေးကြွ တစ်ဖွဲ့က တက္ကသိုလ် ပရဝဏ်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ပထမဆုံး ပေါက်ကွဲမှုက ကားဗုံးပေါက်ကွဲတဲ့ပုံစံနဲ့ တူပြီး ဒေသခံတွေအကြား အထိတ်တလန့်ဖြစ်ခဲ့ရတယ်။ အဲဒီနေရာ တစ်ခုလုံးကို လုံခြုံရေးစည်းတားထားလိုက်ပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်း တက္ကသိုလ်သည် ကဘူးလ်မြို့ အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့ရှိ Charrah-i-Qambar နယ်မြေတွင် တည်ရှိသည်။

တိုက်ခိုက်သူများသည် သေနတ်များနှင့် စိန်ပြောင်းများ (RPGs) အသုံးပြုကာ အရုဏ်တက်ချိန်တွင် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

“အပြန်အလှန် ပစ်ခတ်မှုများနဲ့ မကြာခဏ ပေါက်ကွဲမှုများက နံနက် ရး၃၀ နာရီဝန်းကျင်အထိ ဖြစ်ပွားနေတုန်းပါပဲ” ဟု အမည်မဖော်လိုသူ လုံခြုံရေး သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

သေနတ်သမားများသည် စစ်တပ် အရာရှိ မိသားစုများ၏ နေအိမ် အဆောက်အအုံများ အနီး၌ ကြိမ်ဖန်များစွာ ပစ်ခတ်ခဲ့ရကြောင်း သိရသည်။

လူဦးရေ ၅ သန်းနီးပါးရှိသော ထိုမြို့တွင် လွန်ခဲ့သည့် နှစ်နှစ်ကျော်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုပေါင်းများစွာ ဖြစ်ပွားခဲ့သည်။

ဇန်နဝါရီလ ၂၇ ရက်က ကဘူးလ်မြို့လယ်၌ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၀၃ ဦး သေဆုံးကာ ၂၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.