Connect with us

Africa & Middle East

အာဖရိကနိုင်ငံများ ၂၀၂၁ ခုနှစ် အစောပိုင်းတွင် COVID-19 ကာကွယ်ဆေး ရရှိနိုင်မည်

ကင်ညာနိုင်ငံ နာကူရူမြို့ရှိ Nakuru County Level 5 ဆေးရုံသို့ လာရောက်သူအား ခန္ဓာကိုယ်အပူချိန်တိုင်းတာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အဘူဂျာ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အာဖရိကနိုင်ငံများအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်မှ ပထမသုံးလပတ်တစ်လျှောက်လုံး COVID-19 ကာကွယ်ဆေး ရရှိမည်ဖြစ်ကြောင်း အာဖရိကသမဂ္ဂ (AU) အထူးသံတမန်က ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

အာဖရိကတိုက်၏ COVID-19 တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ စီးပွားရေးထောက်ပံ့မှု စုစည်းမှုဆိုင်ရာ အာဖရိကသမဂ္ဂ (AU) အထူးသံတမန် Ngozi Okonjo-Iweala သည် နိုင်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီး Geoffrey Onyeama နှင့် မြို့တော်အဘူဂျာတွင် တံခါးပိတ်အစည်းအဝေးတစ်ခုပြုလုပ်ပြီးနောက် ယခုလို အာမခံချက်ပေး ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာပေါ်တွင် တစ်စုံတစ်ယောက်မှာ COVID-19 ရှိနေသမျှကာလပတ်လုံး ဘယ်သူမှဘေးမကင်းပါဘူး။ ဒါကြောင့် နိုင်ဂျီးရီးယားလို နွမ်းပါးသောနိုင်ငံတွေ၊ ဝင်ငွေ အလယ်အလတ်အောက်သာရှိတဲ့ နိုင်ငံတွေအနေနဲ့ ဖြစ်နိုင်သမျှမြန်မြန်ဆန်ဆန် ကာကွယ်ဆေးရရှိဖို့ လိုအပ်ပါတယ်” ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရုံးဆိုင်ရာ နိုင်ဂျီးရီးယားနိုင်ငံ၏ ကိုယ်စားလှယ်လည်းဖြစ်သူ Okonjo-Iweala က ပြောခဲ့သည်။

ဖွံဖြိုးဆဲနိုင်ငံများနှင့် နွမ်းပါးသောနိုင်ငံများထံ COVID-19 ကာကွယ်ဆေး ဖြန့်ဝေမှု မြန်ဆန်စေရန်နှင့် သင့်တင့်စွာဆောင်ရွက်နိုင်စေရန် ဆောင်ရွက်သည့် နိုင်ငံတကာပဏာမခြေလှမ်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကပ်ရောဂါကြိုတင်ပြင်ဆင်မှုတီထွင်မှုများဆိုင်ရာညွန့်ပေါင်းအဖွဲ့ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ ပါဝင်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံပေါင်း ၁၈၆ နိုင်ငံဖြင့် ဖွဲ့စည်းထားသော COVAX ဟု ခေါ်ဆိုသည့် ပလက်ဖောင်းတွင် နွမ်းပါးသောနိုင်ငံများကိုထောက်ပံ့ရန် စိတ်ပါဝင်စားလျက်ရှိသောနိုင်ငံ ၉၂ နိုင်ငံရှိကြောင်းနှင့် ကာကွယ်ဆေးများ လျင်မြန်စွာ ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းအားထုတ်မှု မြင့်တက်လျက်ရှိကြောင်း ၎င်းက မှတ်ချက်ပြုပြောခဲ့သည်။

ကာကွယ်ဆေးများကို ရောဂါတိုက်ဖျက်ရေးရှေ့တန်းက လုပ်ဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ ရှေးဦးစွာရရှိရန်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းနောက်တွင် သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများ ပါဝင်သည့် အခြားသော ရည်ရွယ်ထားသည့်အုပ်စုများ ရရှိမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

“COVAX ထောက်ပံ့မှုဟာ နောက်နှစ်ကုန်ပိုင်းမှာ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းမှ ၂၃ ရာခိုင်နှုန်းခန့် လွှမ်းခြုံနိုင်မယ်လို့ထင်ပါတယ်” ဟု Okonjo-Iweala က ဆိုသည်။
အာဖရိကသမဂ္ဂ (AU) အထူးသံတမန်က အာဖရိကတိုက်သားများသည် အခြားတိုက်ကြီးများမှသူများနှင့် COVID-19 ဖြစ်ပွားမှုနှုန်း မတူညီသည်မှာ ကျေးဇူးတင်စရာကောင်းကြောင်း၊ သို့သော်လည်း အာဖရိကနိုင်ငံများအနေဖြင့် ကျေနပ်မနေကြရန် ၎င်းက သတိပေးခဲ့သည်။

အာဖရိကတိုက်တွင် ဒီဇင်ဘာ ၉ ရက်အထိ COVID-19 အတည်ပြုလူနာဦးရေ ၂,၂၈၄,၉၀၇ အထိ ရောက်ရှိခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ အဆိုအရ သိရသည်။

အာဖရိကတိုက် ရောဂါထိန်းချုပ်ရေးအေဂျင်စီ၏ အဆိုအရ ကပ်ရောဂါနှင့်ဆက်စပ်၍ သေဆုံးသူအရေအတွက်မှာ ၅၄,၅၀၃ ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူဦးရေမှာ ၁,၉၆၁,၄၇၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————–
(English Version)

African countries to get COVID-19 vaccines in early 2021

The vaccines will initially be made available for frontline health workers, followed by some other target groups — older people, and those with underlying conditions.
by Olatunji Saliu

ABUJA, Dec. 10 (Xinhua) — African countries will have access to the COVID-19 vaccines from the end of January through the first quarter of 2021, said a special envoy of the African Union (AU) on Wednesday.

Ngozi Okonjo-Iweala, the AU special envoy on mobilizing international economic support for the continent’s fight against COVID-19, gave the assurance after a closed-door meeting with Nigeria’s Foreign Minister Geoffrey Onyeama in the capital city of Abuja.

“As long as one person has it(COVID-19) in the world, no one is safe. And that is why poorer countries, lower-middle-income countries like Nigeria, need to get it as quickly as possible,” said Okonjo-Iweala, who is also Nigeria’s candidate for the office of the director-general of the World Trade Organization.

The international initiative to get the COVID-19 vaccines distributed to developing and poorer countries in a quick and affordable manner involved the World Health Organization, the Coalition for Epidemic Preparedness Innovations, and the international community, she said.

A platform called the COVAX facility has been developed with 186 countries on board, she noted, saying that the parties interested in serving the poor countries include 92 countries, for which resources have been raised in an attempt to distribute the vaccines quickly.

She said the vaccines will initially be made available for frontline health workers, followed by some other target groups — older people, and those with underlying conditions.
“I think the COVAX facility can cover about 20 percent to 23 percent of the population by the end of next year,” Okonjo-Iweala said.

According to the AU envoy, Africans are blessed for not having the same incidence rate of COVID-19 as those of other continents. However, she warned African nations against complacency.
The number of confirmed COVID-19 cases in the African continent has reached 2,284,907 as of Wednesday, according to the Africa Centers for Disease Control and Prevention.
The continental disease control agency said in a statement that the death toll related to the pandemic stood at 54,503. A total of 1,961,471 people have recovered across the continent so far. ■