ရီယာ့ဒ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ အနောက်ပိုင်း ရှိ ရေနံဓါတုစက်ရုံတစ်ရုံတွင် အောက်တိုဘာ ၂ရက်က မီးလောင်မှုဖြစ်ပွားရာ အလုပ်သမား တစ်ဦးသေဆုံးပြီး အခြားလူ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းက အောက်တိုဘာ ၃ ရက်တွင်ဖောြ်ပခဲ့သည်။
ဂျာလာလာဘတ်၊ အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar တွင် အောက်တိုဘာလ ၂ ရက်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု၌ အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ရာ လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြားသူ ၃၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မိုဂါဒစ်ရှူး ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်စစ်တပ်က ဆိုမာလီယာတောင်ပိုင်းရှိ အယ်လ်ရှာဘတ် (Al-Shabaab) အစွန်းရောက် အဖွဲ့အား ပစ်မှတ်ထား ၍ အောက်တိုဘာလ ၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အစွန်းရောက်အဖွဲ့ဝင် ၉ ဦး အား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း အမေရိကန်၏ အာဖရိက စစ်ဌာနချုပ်က...
ကူဝိတ်စီးတီး ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားခြင်းကြောင့် ဘဏ္ဍာရေးအရင်းအမြစ် အကြီးအကျယ်ဆုံးရှုံးမှုများ ဖြစ်ပွားနေရာ စီးပွားရေးမှာ ပျက်သုဉ်းခါနီးပြီဖြစ်ကြောင်း ၊ ငွေကြေးတန်ဖိုး များလည်း ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း ယီမင် ဝန်ကြီးချုပ် Ahmed Obeid bin Daghr က...
ဘဂ္ဂဒက် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံတွင် အောက်တိုဘာ ၂ ရက်က လွှတ်တော်အစည်းအဝေးကျင်းပခဲ့ရာ အစည်းအဝေးတွင် အီရတ်နိုင်ငံ Kurdistan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယခင်ဝန်ကြီး ချုပ်ဟောင်း Barham Salihအား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။
လူဆာကာ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ဇမ်ဘီယာနိုင်ငံ မြောက်ပိုင်းတွင် ဆေးခြောက်တန် ၁၀၀ စိုက်ပျိုးမှု နှင့် ဆက်စပ်နေသည့် လူ ၁၈ဦးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မော်စကို ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Sergey Shoygu က အောက်တိုဘာ ၂ ရက် တွင် ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ အနေဖြင့် ဆီးရီးယား နိုင်ငံ လေကြောင်း ကာကွယ်ရေး စွမ်းရည်...
အစ္စတန်ဘူလ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစိုးရရှေ့နေများသည် ငွေကြေးခဝါချမှု နှင့် ပတ်သက်သော ငွေကြေးလွှဲပြောင်းမှုများတွင် တရားမဝင် ပါဝင်သည့် လူ ၄၁၇ဦးကို ဖမ်းဆီးထိန်းသိမ်းရန် အောက်တိုဘာ ၂ ရက်တွင် ဖမ်းဝရမ်းထုတ်ပေးခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။
ကူဝိတ်စီးတီး ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင်များသည် ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် Hodeidahမြို့ တွင် အောက်တိုဘာ ၁ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးခဲ့ကြောင်း ယီမင် စစ်ဘက်ဆိုင်ရာက ယင်းနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
တီဟီရန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ တရားရုံးတစ်ခု က စီးပွားရေးဆိုင်ရာ အကျင့်ပျက်လုပ်ဆောင်မှုဖြင့် တရားခံ ၃ဦးအား သေဒဏ်ချမှတ်ခဲ့ကြောင်း Tehran Times သတင်းစာ က စက်တင်ဘာ ၃၀ ရက်တွင်ဖော်ပြခဲ့သည်။