Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ အရှေ့ပိုင်း ဂတ်ဒါရစ်ဖ်ပြည်နယ်တွင် ဆန္ဒပြသူ ၆ ဦးသေဆုံး

ဆူဒန်နိုင်ငံတွင် ဆန္ဒပြနေကြသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခါတွန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ အရှေ့ပိုင်း ဂတ်ဒါရစ်ဖ်ပြည်နယ်တွင် ဒီဇင်ဘာလ ၂၀ ရက်က ဆန္ဒပြသူ ၆ ဦး သေဆုံးသွားခဲ့ကြောင်း Sudania 24 TV သတင်းအရသိရသည်။

“ဂတ်ဒါရစ်ဖ်မြို့မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လူ ၆ ဦးသေဆုံးခဲ့ပြီး အခြားသူများစွာ ဒဏ်ရာရှိခဲ့တယ်” ဟု ဂတ်ဒါရစ်ဖ်နယ်မြေ ရဲမင်းကြီး အယ်လ် တေရက်ဘ် အယ်လ်-အာမင် တာဟာ (El Tayeb Al-Amin Taha) ၏ ပြောကြားချက်အား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။

ဂတ်ဒါရစ်ဖ်ပြည်နယ် လုံခြုံရေးကော်မတီက ည ၆း၀၀ နာရီမှ နံနက် ၄း၃၀ နာရီအထိ ဂတ်ဒါရစ်ဖ်မြို့တွင် ညမထွက်ရအမိန့်စတင်ပြဌာန်းခဲ့သည်။

ဆူဒန်နိုင်ငံတွင် မကြာသေးမီက စီးပွားရေးအခြေအနေများ ဆိုးရွားလာပြီး အခြေခံ လူသုံးကုန်များ ဈေးနှုန်းမြင့်တက်လာမှုကြောင့် နယ်ပယ်စုံတွင် ဆန္ဒပြမှုများ ဖြစ်ပွားနေခဲ့သည်။

ထို့ပြင် ဆူဒန်နိုင်ငံ မြောက်ပိုင်း နာအယ်လ်-နီလ်ပြည်နယ် အစိုးရကလည်း အတ်ဘရာမြို့အား အရေးပေါ်အခြေအနေ ကြေညာထားပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.