Connect with us

Africa & Middle East

ဇမ်ဘီယာတွင် ယာဉ်မတော်တဆမှုဖြစ်ပွား လူ ၅ဦးသေဆုံး၊ ၃ဦးအပြင်းအထန်ဒဏ်ရာရ

ဇမ်ဘီယာနိုင်ငံမှကြိုဆိုသည့်ဆိုင်းဘုတ်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

လူဆာကာ၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ဇမ်ဘီယာနိုင်ငံ တောင်ပိုင်း ရှိ အဓိကအမြန်လမ်းမကြီး တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၃ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၁၉ ရက်တွင် ပြောကြားသည်။

ဇမ်ဘီယာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ အယ်စတာမွအတ္တကတန်ဂို (Ester Mwaata-Katongo) က အဆိုပါ ယာဉ်မတော်တဆ မှုသည် မဇမ်ဘူကာ မြို့ နှင့် ဂရိတ်မြောက်ပိုင်းလမ်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်မတော်တဆမှုတွင် မော်တော်ယာဉ် ၅စီး ဆင့်ကဲတိုက်မှုဖြစ်ပွားခဲ့ ကြောင်း အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၉ ရက် နံနက်အစောပိုင်း တွင် ထရပ်ကားမောင်းနှင်လာသည့် ယာဉ်မောင်း သည်အရှိန်မထိန်းနိုင်သည့်အတွက် တစ်ဖက်မျက်နှာချင်းဆိုင်မှလာသော တစ်ခြား မော်တော်ယာဉ်များအား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ယခုယာဉ်မတော်တဆမှုသည် ယာဉ်မောင်းတစ်ဦး၏ အရှိန်မထိန်းနိုင်မှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.