Connect with us

Africa & Middle East

အီသီယိုးပီးယား အနောက်ပိုင်းတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ၈ ဦး သေဆုံး

အီသီယိုးပီးယား အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အက်ဒစ်အဘာဘာ ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)

အီသီယိုးပီးယား နိုင်ငံ အနောက်ပိုင်း ဘီနီရှန်ဂါ ဂူမုဇ်ပြည်နယ်(Benishangul Gumuz)တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အရပ်သား ၈ ဦး သေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်းမှ ဒီဇင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အရပ်သား ၁၁ ဦး စီးနင်း လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီးမှာ မြေမြှုပ်မိုင်း မြှုပ်ထားသည့် လမ်းမပေါ် ဖြတ်သန်း သွားခဲ့ပြီးနောက် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ် အစိုးရ တာဝန်ရှိသူက အီသီယိုးပီးယား နိုင်ငံပိုင် ရုပ်သံလိုင်းသို့ပြောကြားခဲ့သည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အရပ်သား ၃ ဦးမှာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း Benishangul Gumuz ပြည်နယ် အစိုးရ တာဝန်ရှိသူ၏ ပြောကြားချက် အရ သိရသည်။

ဒဏ်ရာရရှိသူများအား နီးစပ်ရာ ကျန်းမာရေးဌာနသို့ပို့ဆောင်၍ ဆေးကုသမှု ပေးထားကြောင်း သတင်းက ဆိုသည်။

ပေါက်ကွဲမှုမှာ အီသီယိုးပီးယား နိုင်ငံ၏ အကြီးဆုံး ပြည်နယ် ဖြစ်သည့် Oromia ပြည်နယ် နှင့် ဘီနီရှန်ဂါ ဂူမုဇ်ပြည်နယ် တို့၏ နယ်စပ် တစ်လျောက်တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါ လုပ်ရပ်အား မည်သည့် အဖွဲ့ကမျှ တာဝန်ရှိကြောင်း ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိပေ။

အီသီယိုးပီးယား နိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ကနဦး စုံစမ်း စစ်ဆေးချက်များ အရ မြေမြှုပ်မိုင်း လုပ်ဆောင်ရခြင်း နှင့် မည်သူ့လက်ချက် ဖြစ်သည် ဆိုသည့် နောက်ကွယ်မှ အဓိက အကြောင်းရင်းများအား ရှာဖွေနေဆဲ ဖြစ်ကြောင်း ပြည်နယ် အစိုးရ တာဝန်ရှိသူက ပြောသည်။

ထိုပြည်နယ်နှစ်ခု၏ နယ်စပ် တစ်လျှောက်တွင် မကြာသေးမီက အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယခုနှစ် စက်တင်ဘာလ အတွင်း လူမျိုးစုများ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူများ ရှိခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.