ဟာတေး ၊ တူရကီ ၊ အောက်တိုဘာ ၁ဝ ရက် (ဆင်ဟွာ)
တန်ဇန်းနီးယား၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ မွမ်ဇာဒေသရှိ ဝိတိုရိယ ရေကန်ထဲသို့ အောက်တိုဘာ ၉ ရက်တွင် မီနီဘတ်စ်တစ်စီး ပြုတ်ကျခဲ့ရာ အခင်းဖြစ်ပွားရာ၌ပင် လူ ၁၂ဦးသေဆုံးခဲ့ပြီး အခြားလူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဂျေရုဆလင်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ပါလက်စတိုင်းဘက်မှ အစောပိုင်းကာလတွင် အစ္စရေးဘက်သို့ ဒုံးကျည်တစ်ခုဖြင့် ပစ်ခတ်ခဲ့သော်လည်း အစ္စရေးပိုင်နက်ထဲသို့ မရောက်ရှိဘဲ ပျက်ကျသွားပြီးနောက် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့၏ စစ်စခန်းအား အောက်တိုဘာ ၈ရက်တွင် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
တူးနစ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး စလင်းရှက်ကာသည် နှလုံးရုတ်တရက်ဖောက်ပြန်မှု ဖြင့် အောက်တိုဘာ ၈ရက် တွင် ကွယ်လွန်ခဲ့ကြောင်း တူးနစ်မြို့ရှိ စစ်ဆေးရုံမှ ကျန်းမာရေးသတင်းရင်းမြစ်တစ်ခု က ပြောကြားခဲ့သည်။
ဘီနီ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း မြောက်ကီဗူပြည်နယ် ရှိ ဘီနီမြို့၌ အောက်တိုဘာ ၇ရက် ညနေပိုင်းတွင် ADF သူပုန်များ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် အနည်းဆုံး လူ ၄၀ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်တပ်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
တီဟီရန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ ဥပဒေရေးရာ ဌာန က အောက်တိုဘာ ၈ ရက်နေ့တွင် နျူကလီးယား ဆွေးနွေးမှု တွင် ပါဝင်ခဲ့သည့် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ Dorri Najaf Abadi အား သူလျှိုမှုဖြင့် ထောင်ဒဏ်...
အလက်ဇန္ဒား ၊ အီဂျစ် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်သော အလက်ဇန္ဒားမြို့၌ အောက်တိုဘာလ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် အီဂျစ်အသင်းသည် ကွန်ဂိုအသင်းအား ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်ကြောင်း သိရသည်။
မော်စကို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ၌ လွန်ခဲ့သော ၂၄နာရီအတွင်း ပြုလုပ်ခဲ့သည့် ရုရှားတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် IS စစ်သွေးကြွ ၁၂၀ခန့် နှင့် နိုင်ငံခြားသား ကြေးစားစစ်သား ၆၀ဦးကျော် သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။
ဂါဇာ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တပ်ဖွဲ့က ဒေသတောင်ပိုင်းတွင် IS ထိပ်တန်းခေါင်းဆောင်တစ်ဦး နှင့် အခြားစစ်သွေးကြွသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ဟားမတ်တပ်ဖွဲ့၏ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦး က အောက်တိုဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။
ကွာလာအယ်နော်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်အနောက်ပိုင်း Badghis ပြည်နယ်ရှိ ကျေးရွာများကို တာလီဘန်အကြမ်းဖက်အုပ်စုထံ သစ္စာခံထားသည့် စစ်သွေးကြွများက ထိန်းချုပ်သိမ်းပိုက်ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ရွာသား များစွာကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက အောက်တိုဘာ ၇ရက်တွင်ပြောကြားခဲ့သည်။