Connect with us

Africa & Middle East

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၃၆၆ ဦး အား မော်ရိုကိုရေတပ်မှ ကယ်ဆယ်

တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ရောဘတ် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

မော်ရိုကို နိုင်ငံ မြောက်ပိုင်း ပင်လယ်ပြင်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၃၆၆ ဦးကို အောက်တိုဘာ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့က ကယ်ဆယ်ခဲ့ကြောင်း မော်ရိုကို ရေတပ်က အောက်တိုဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရာဘာရေယာဉ် ၁၅ စီးတွင်လိုက်ပါလာသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၃၆၆ ဦးကို မော်ရိုကို ရေတပ်က ကယ်ဆယ်ခဲ့ရာ ၎င်းတို့မှာ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်းနှင့် Ksar es-Seghir ဆိပ်ကမ်းသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားချိန်တွင် ရာဘာရေယာဉ်တစ်စီးသည် ဟောင်းနွမ်းယိုယွင်းနေသောကြောင့် နစ်မြုပ်သွားကြောင်း သိရသည်။

မော်ရိုကိုရေတပ်က အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်တွင်လည်း မြေထဲပင်လယ်၌ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၆၁၅ ဦးကို ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

ယခုကာလများတွင် တရားမဝင်ရွှေ့ပြောင်းမှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ မော်ရိုကို ရေတပ်က ၎င်းနိုင်ငံမြောက်ပိုင်း ပင်လယ်ပြင်တွင် ကင်းလှည့်စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.