Connect with us

Africa & Middle East

ကင်ညာနိုင်ငံ နယ်စပ်မြို့တွင် ကျောင်းဆရာ ၂ ဦးအသတ်ခံရ

ကင်ညာနိုင်ငံ နယ်စပ်ရှိ ယောက်ျားလေး အလယ်တန်းကျောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မန်ဒဲရာ၊ ကင်ညာ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်း မန်ဒဲရာနယ်မြေရှိ စာသင်ကျောင်းတစ်ခုတွင် အောက်တိုဘာလ ၉ ရက်ညပိုင်းက စစ်သွေးကြွများက ဆရာ ၂ ဦးအားသတ်ခဲ့ပြီး ကျောင်းအားမီးရှို့ခဲ့ကြောင်း အစိုးရအရာရှိ တစ်ဦးက အောက်တိုဘာလ ၁၀ ရက်၌ အတည်ပြုပြောကြားခဲ့သည်။

မန်ဒဲရာအရှေ့ပိုင်းရှိ အာရေဘီယား ယောကျ်ားလေး အလယ်တန်းကျောင်းအား စစ်သွေးကြွများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံမဟုတ်သည့် ဆရာ ၂ ဦးအား သတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စစ်သွေးကြွများအား ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေကြောင်း အရှေ့မြောက်ပိုင်း ဒေသဆိုင်ရာ ကော်မရှင်မင်းကြီး Mohamed Birik က ပြောကြားခဲ့သည်။

“ကျောင်းကိုတိုက်ခိုက်ပြီးတဲ့နောက် ကျောင်းရဲ့ ဝန်ထမ်းအခန်းကို မီးရှို့ခဲ့ကြတယ်” ဟု Birik က ပြောခဲ့သည်။

ထိုကျောင်းသည် ကင်ညာ-ဆိုမာလီယာ နယ်စပ်၌ တည်ရှိပြီး အကြမ်းဖက်မှုဇုန်အဖြစ် သတ်မှတ်ထားခဲ့သည်။

အဆိုပါကျောင်းတွင် ဒေသခံမဟုတ်သော ကျောင်းဆရာ ၄ ဦးရှိကြောင်း၊ တိုက်ခိုက်မှုအတွင်း အခြား ကျောင်းဆရာ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.