Connect with us

Africa & Middle East

တရုတ်နိုင်ငံက ဆီးရီးယားနိုင်ငံအား လျှပ်စစ်ဓာတ်အားပေးစက်ပစ္စည်းများ ကူညီထောက်ပံ့


ဒမက်စကက်စ် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ဆီးရီးယားနိုင်ငံအား ကူညီထောက်ပံ့သော လျှပ်စစ်ဓာတ်အားပေး ပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်က ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက် ကမ်းခြေမြို့ Latakia တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဆီးရီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး မစ္စတာ မာရွှိလျန့်က ယခု ကူညီထောက်ပံ့ရေးပစ္စည်းများမှာ ဆီးရီးယားပြည်သူလူထု၏ လူနေမှုဘ၀ ၊ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် အထောက်အပံ့ဖြစ်နိုင်ရန်မျှော်လင့်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်မှုလုပ်ငန်းစဉ်များတွင် တတ်နိုင်သလောက်ကူညီဆောင်ရွက်ပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

ကူညီထောက်ပံ့ရေးပစ္စည်းများတွင် ပါဝါ ထရန်စဖော်မာ၊ ကေဘယ်လ်ကြိုးစသည်တို့ ပါဝင် ကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံ လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး၏အတွင်းရေးမှူး Nidal Qarmoushi က လျှပ်စစ်ဓာတ်အားပေးစက်ပစ္စည်းများသည် နိုင်ငံပြန်လည်တည်ဆောက်ရေးလုပ်ငန်း များတွင် အထောက်အကူပြုမည်ဖြစ်ရာ ဆီးရီးယားအတွက် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစက်ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစက်ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၁ ခုနှစ်တွင် ဆီးရီးယားအရေးဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ အစိုးရသည် ဆီးရီးယားအား လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ ကူညီ ထောက်ပံ့ပေးလျက်ရှိသည်။ ဆီးရီးယားနှင့်၎င်း အိမ်နီးချင်းနိုင်ငံများတွင် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ စီမံကိန်းများလုပ်ဆောင်ရန်၊ ဒုက္ခသည်များနှင့်အိုးမဲ့အိမ်မဲ့ဖြစ်နေသူများအတွက် ကျန်းမာရေးနှင့်စားနပ်ရိက္ခာထောက်ပံ့မှုများပေးနိုင်ရန် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC)စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ လက်မှတ် ရေးထိုးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.