အဘီဒီဂျန်(Abidjan) ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) နိုင်ဂျာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အဖွဲ့ရုံး က ဇူလိုင်လ ၁၉ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် နိုင်ဂျာ နိုင်ငံ တွင် ပြီးခဲ့သည့် ဇွန်လ မှ စတင်၍...
ဂျေရုဆလင်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံသည် စစ်ပွဲဒဏ်ခံနေရသော ဆီးရီးယားဘက်မှ ပြည်သူများအား ဆေးကုသမှုပေးရန် ဆီးရီးယားနိုင်ငံ နှင့် နယ်စပ်မျဉ်းတစ်လျှောက် ဂိုလန်ကုန်းမြင့်ဒေသ ၌ ဆေးရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်ထားကြောင်း အစ္စရေးစစ်တပ်က ဇူလိုင် ၁၉ ရက်တွင်ပြောကြားခဲ့သည်။
ဘဂ္ဂဒက် ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့ က ဇူလိုင်လ ၁၇ ရက်နေ့၌ နိုင်ငံ အနောက်မြောက်ပိုင်းရှိ မြို့တစ်မြို့အား ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ IS အစွန်းရောက် အဖွဲ့အစည်း မှ အကြမ်းဖက်သမား ၄၇ ဦး...
ကိုင်ရို၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံသည် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု မူဝါဒ အရ ကာတာနိုင်ငံသားများအား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးတော့မည်မဟုတ်ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ထရိုင်ပိုလီ ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့(Benghazi)တွင် အကြမ်းဖက်အုပ်စုများ ထောင်ထားသော မြေမြှုပ်မိုင်းများ ပေါက်ကွဲမှုကြောင့် လစ်ဗျားစစ်အင်ဂျင်နီယာ ၄၃ ဦးသေဆုံးပြီး အခြား ၂၇ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း လစ်ဗျားစစ်တပ်က ဇူလိုင်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဘရာဇဗီလာ ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က ဇူလိုင်လ ၁၃ ရက်နေ့ည ပိုင်း အချိန်၌ ကွန်ဂို နိုင်ငံ Kwilu ပြည်နယ် Kasai မြစ် ရေပြင်တွင်...
ဂါဇာ ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံအစိုးရက Al Aqsa ဗလီကို ယနေ့( ဇူလိုင် ၁၆ ရက်)တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်ဟု Al Arabiya သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ကိုင်ရို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ကိုင်ရိုမြို့ရာဇဝတ်မှုဆိုင်ရာ တရားရုံးက အီဂျစ်နိုင်ငံ သမ္မတဟောင်း မိုဟာမက်မော်စီ နှင့် မွတ်စလင်ညီနောင်အဖွဲ့ဝင် များစွာအား ထောင်ဖောက်ရန် ကြံစည်မှုစွဲချက်များအတွက် ပြန်လည်တရားစီရင်မည့်နေ့ကို ဇူလိုင် ၂၀ ရက်သို့ ရွှေ့ဆိုင်းရန် ဇူလိုင် ၁၅ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နှင့် အီရန် နိုင်ငံတို့မှ ရေတပ် စစ်င်္ဘောများသည် ဇူလိုင်လ ၁၅ ရက်တွင် ကက်စပီယန်ပင်လယ်အတွင်း ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။
အာဖဂန်နစ္စတန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Ghazni ပြည်နယ် အရှေ့ပိုင်းတွင် ဂိုဏ်းဖွဲ့ပြန်ပေးဆွဲသူများအား ဇူလိုင် ၁၅ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းပြန်ပေးအဖွဲ့မှ ဖမ်းဆီးထားသည့် ကလေးငယ် ၁၃ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း Ghazni ပြည်နယ် ရဲချုပ် Mohammad Mustafa Mayar...