Connect with us

Africa & Middle East

လစ်ဗျားကမ်းရိုးတန်း အလွန်တွင် လှေမှောက်၍ ရွှေ့ပြောင်းသွားလာသူ အယောက် ၁၀၀ကျော် သေဆုံး

လစ်ဗျားကမ်းရိုးတန်း အလွန်တွင် လှေမှောက်သည့် ရွှေ့ပြောင်းသွားလာသူများအား ကယ်ဆယ်လာစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ ကမ်းရိုးတန်း အလွန်တွင် ရွှေပြောင်းသွားလာသူများ လိုက်ပါလာသည့် လှေတိမ်းမှောက်ခဲ့၍ လူ အယောက် ၁၀၀ကျော် သေဆုံးသွားခဲ့ကြောင်း လစ်ဗျားနိုင်ငံ ရေတပ်က ဇွန် ၂၉ ရက်တွင်ပြောကြားခဲ့သည်။

လစ်ဗျားရေတပ်သည် ကလေး ၃ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ပြီး အခြားလူ ၁၆ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း လစ်ဗျားရေတပ် ပြောရေးဆိုခွင့်ရှိသူ Ayob Qassem က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရွှေ့ပြောင်းသွားလာသူများ၏ ရော်ဘာလှေသည် ဟောင်းနွမ်းနေပြီး လူအဆမတန်တင်ဆောင်လာကြောင်း ၎င်းကပြောကြားခဲ့သည်။

ကယ်ဆယ်ရရှိခဲ့သည့် ရွှေ့ပြောင်းသွားလာသူများအနက် တစ်ဦး၏ပြောကြားချက်အရ အဆိုပါလှေသည် မတူညီသော အာဖရိက နှင့် အာရပ်နိုင်ငံများမှ အမျိုးသမီးများနှင့် ကလေးငယ်အများအပြားအပါအဝင် ရွှေ့ပြောင်းသွားလာသူ ၁၂၅ဦးခန့်ကို တင်ဆောင်လာကြောင်း သိရသည်။

လစ်ဗျားရေတပ်သည် နိုင်ငံ၏ အနောက်ပိုင်း ကမ်းရိုးတန်းအလွန်၌ လွန်ခဲ့သော ၂ပတ်အတွင်း ရွှေ့ပြောင်းလုပ်သား ၂,၀၀၀ နီးပါး ကို ကယ်ဆယ်ပေးခဲ့ပြီး ရုပ်အလောင်း ၃၀ကျော်ကိုလည်း ပင်လယ်တွင်း မှ ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

လစ်ဗျားနိုင်ငံသည် မြေထဲပင်လယ်ကို ဖြတ်၍ ဥရောပတိုက်သို့ သွားရောက်လိုသော ရွှေ့ပြောင်းလုပ်သားများ သဘောကျရာ ထွက်ခွာမှတ်တစ်နေရာဖြစ်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.