Connect with us

Africa & Middle East

ဗြိတိန်နိုင်ငံ မင်းသား ဝီလျံနှင့် အစ္စရေးနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံ


ဂျေရုဆလမ်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မင်းသား ဝီလျံသည် အစ္စရေးနိုင်ငံ သမ္မတ Reuven Rivlin နှင့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု (Benjamin Netanyahu) တို့နှင့် ဇွန်လ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

၎င်းတို့ တွေ့ဆုံစဉ် ၁၉၉၃ ခုနှစ်က အမှန်တရားစောင့် နတ်မိမယ်ဆု (Righteous Among the Nations Certificate) ချီးမြှင့်ခြင်းခံရသော မင်းသမီး အဲလစ် (Princess Alice) ၏ ပုံတူရုပ်တုကို နေတန်ညာဟုက မင်းသား ဝီလျံအား ပေးအပ်ခဲ့သည်။

အစ္စရေးနိုင်ငံ သမ္မတ Reuven Rivlin က မင်းသား ဝီလျံအား “ကျွန်တော်တို့ နှစ်နိုင်ငံအကြား ဆက်သွယ်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့သည်။

ထို့ပြင် မင်းသား ဝီလျံသည် ပါလက်စတိုင်းနိုင်ငံ သမ္မတ Mahmoud Abbas နှင့် ဇွန်လ ၂၇ ရက်တွင် တွေ့ဆုံရန်ရှိရာ Rivlin က ပါလက်စတိုင်း ခေါင်းဆောင်ထံသို့ “ငြိမ်းချမ်းရေးသဝဏ်လွှာ တစ်စောင်” သယ်ဆောင်ပေးရန် ဝီလျံအား ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံတွင် လွတ်လပ်စွာ ကိုးကွယ်ဝတ်ပြုခွင့်၏ အရေးကြီးပုံကို Rivlin က ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ မင်းသား ဝီလျံနှင့် အစ္စရေးနိုင်ငံ သမ္မတ Reuven Rivlin တို့ ဇွန်လ ၂၆ ရက်က ဂျေရုဆလမ်မြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

မင်းသား ဝီလျံသည် ဂျေရုဆလမ်မြို့ရှိ အစ္စရေးနိုင်ငံ၏ နာဇီများက ဂျူးများအား မီးလောင်တိုက်သွင်းခဲ့သည့် Holocaust အောက်မေ့ဖွယ်နေရာသို့ သွားရောက်ခဲ့ပြီး ၎င်း၏ ဘွားတော်ဖြစ်သူ မင်းသမီး အဲလစ်ကို ကယ်တင်ခဲ့သည့် Holocaust မှ အသက်ရှင်ကျန်ရစ်သူ နှစ်ဦးဖြစ်သော Haimaki နှင့် Rachel Cohen တို့နှင့် တွေ့ဆုံခဲ့သည်။

မင်းသား ဝီလျံသည် အရှေ့အလယ်ပိုင်း ခရီးစဉ်အဖြစ် ဇွန်လ ၂၄ ရက်က ဂျော်ဒန်နိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး ဇွန်လ ၂၅ ရက်ညပိုင်းတွင် အစ္စရေးနိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.