Connect with us

Africa & Middle East

ဆီးရီးယားတောင်ပိုင်းရှိ လက်နက်ကိုင်ဆန့်ကျင်ရေးသမားများက အစိုးရနှင့် ပြန်လည်သင့်မြတ်ရန် သဘောတူ

ဆီးရီးယားအစိုးရတပ်က ပြန်လည်သိမ်းပိုက်ခဲ့သည့် အရှေ့ Ghoutaဒေသအား တွေ့ရစဉ် (ဆင်ဟွာ )

ဒမတ်စကပ်စ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းများတွင် ဆီးရီးယားတောင်ပိုင်း Daraa ပြည်နယ်နေရာအမြောက်အမြားရှိ လက်နက်ကိုင် ဆန့်ကျင်ရေးသမားများက အစိုးရနှင့်ပြန်လည်သင့်မြတ်ရန် သဘောတူခဲ့ကြောင်း ဆီးရီးယား စစ်တပ် နှင့် သတင်းအေဂျင်စီများ၏ ဇွန်လ ၃၀ ရက် သတင်းများအရ သိရသည်။

စစ်တပ်က Daraa ပြည်နယ် တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများအရှိန်အဟုန်ဖြင့် ပြုလုပ်ခဲ့ရာ Daraa မြို့ မြောက်ပိုင်းရှိ လက်နက်ကိုင်များသည် အစိုးရနှင့် ပြန်လည်သင့်မြတ်ရန် သဘောတူ ခဲ့ကြောင်း၊ လက်နက်ကိုင်များ လက်နက်ပြန်လည်အပ်နှံပြီးနောက် အစိုးရတပ်သည် ကျေးရွာမြို့လေး ၄ ခုကို ဝင်ရောက်ခဲ့ကြောင်း၊ ထို့အပြင် Daraa ပြည်နယ် အရှေ့တောင်ပိုင်း Bussham ရှိ လက်နက်ကိုင်များကလည်း အစိုးရတပ်နှင့် ပြန်လည်သင့်မြတ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း အစိုးရအမည်မဖော်လိုသူ ဆီးရီးယားအရာရှိတစ်ဦးက ဆိုသည်။

ထို့အပြင် ဆီးရီးယားနှင့်ဂျော်ဒန်နယ်စပ်ဒေသရှိ ကျေးရွာအချို့ကို အစိုးရစစ်တပ်မှ ထိန်းချုပ်တော့ မည်ဖြစ် ကြောင်း၊ ၎င်းဒေသရှိအစိုးရဆန့်ကျင်ရေးလက်နက်ကိုင်အချို့ကလည်း လက်နက်များ ပြန်လည်အပ်နှံ မည်ဖြစ်ပြီး အစိုးရနှင့်အတူ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်သွား မည်ဖြစ်ကြောင်း ဆီးရီးယားသတင်းအေဂျင်စီများ၏ဖော်ပြချက်များအရသိရသည်။

ဆီးရီးယား စစ်တပ်က ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များကို နေ့စဉ်ရက်ဆက် စစ်ရေးတိုက်ခိုက်မှု များပြုလုပ်ကာ ဆုံးရှုံးထားသောနယ်မြေများကို အဆက်မပြတ်ပြန်လည်သိမ်းပိုက်မှုများ ပြုလုပ်နေ သလို ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရန် ကြိုးစားလျက်ရှိသည်။

Daraa ပြည်နယ် တောင်ပိုင်းမှာ ဂျော်ဒန်နှင့်ဆက်စပ်လျက်ရှိပြီး အရှေ့ပိုင်းမှာ အစ္စရေးတို့ ထိန်းချုပ် ထားသည့် Golan Heights နှင့် ကပ်လျက်ရှိရာ ဆီးရီးယားအကြပ်အတည်းတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ အစောဆုံး ဖြစ်ပွားသည့် နေရာလည်းဖြစ်သည်။ Daraa ပြည်နယ် ကို လက်နက်ကိုင် ဆန့်ကျင်ရေးသမားများ၊ အစွန်းရောက်အဖွဲ့အစည်းများက ကာလကြာရှည် ထိန်းချုပ်ခဲ့ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.