Africa & Middle East
ရေနံဈေး ဒေါ်လာ ၃၀ အောက် ကျဆင်း
နယူးယောက်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
အီရန်မှ ရေနံစိမ်း တင်ပို့မှုများလာကာ မျှော်မှန်းထားသည့် အတိုင်း ရေနံ ပိုလျှံမှု များခြင်းကြောင့် ကမ္ဘာ့ရေနံဈေးသည် ဇန်နဝါရီလ ၁၅ ရက်က တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၃၀ အောက်သို့ ထိုးဆင်း သွားခဲ့သည်။
အီရန်နိုင်ငံအား စီးပွားရေး ပိတ်ဆို့မှု လျှော့ချ ပေးပြီးနောက်မှာ ကမ္ဘာ့ရေနံဈေးသည် ၁၂ နှစ်တာအတွင်း အနိမ့်ဆုံး ဈေးနှုန်းသို့ ကျဆင်းသွားခဲ့သည်။
ရေနံ တင်ပို့သူ နိုင်ငံများ အဖွဲ့အစည်း (OPEC) သည် ရေနံ ထုတ်လုပ်မှုအား ကမ္ဘာ့ရေနံ ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းသာ ထုတ်လုပ်ရန် ပြီးခဲ့သည့် ဒီဇင်ဘာလက ဆုံးဖြတ်ခဲ့ကြသည်။
အိုပက် အဖွဲ့ဝင် အီရန် နိုင်ငံသည် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပြီးနောက် တစ်ပတ်အတွင်း ရေနံစည်ပေါင်း ငါးသိန်း ခန့် ထုတ်လုပ်လာခဲ့သည်။
လွန်ခဲ့သည့် ခြောက်နှစ်အတွင်း အမေရိကန် နိုင်ငံ၏ ရေနံ ထုတ်လုပ်မှုသည် နှစ်ဆ တိုးတက်လာခဲ့သော်လည်း ရေနံဈေးနှုန်း ကျဆင်းမှုနှင့် ရင်ဆိုင်ရချိန်တွင် အမေရိကန် ရေနံ ကုမ္ပဏီများက ထုတ်လုပ်မှု လျှော့ချမည့် လက္ခဏာ မပြသေးပေ။ (Xinhua)