Connect with us

Africa & Middle East

ဘဂ္ဂဒက်တွင် အမေရိကန် ၃ ဦးကို သေနတ်သမားများ ပြန်ပေးဆွဲ

အီရတ်နိုင်ငံရှိ ဘဂ္ဂဒက် မြို့အား ညွှန်ပြသော မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဘဂ္ဂဒက်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒက်တွင် အမေရိကန် နိုင်ငံသား ၃ ဦးအား အမည်မသိ သေနတ်များက ပြန်ပေးဆွဲခဲ့ကြောင်း အီရတ် သတင်းဌာနက ဇန်နဝါရီလ ၁၇ ရက်က သတင်းတင်ပြထားသည်။

စစ်ရေးနည်းပြများ အဖြစ်လုပ်ကိုင်နေသော အမေရိကန် ၃ ဦးအား ဘဂ္ဂဒက်မြို့ ဒိုရာ(Doura) ခရိုင် တောင် ဘက်ရှိ ဘာသာပြန် တစ်ဦးနေထိုင်လျက်ရှိသော နေအိမ် တစ်ခုတွင် စစ်ယူနီဖောင်းများ ဝတ်ဆင်ထားသည့် သေနတ်သမား အုပ်စုက ဝင်ရောက် တိုက်ခိုက်ကာ ခေါ်ဆောင်သွားကြောင်း အမည်မဖော်ပြသည့် သတင်းရင်း မြစ် တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ NINA က ဖော်ပြထားသည်။

Pan-Arab သတင်းချန်နယ် Al Arabiya ၏ အစောပိုင်း သတင်းတင်ပြချက်အရ အမေရိကန်နိုင်ငံခြားရေး ဌာန သည် ပျောက်ဆုံးနေသူများအား ရှာဖွေရန်နှင့် ကယ်တင်နိုင်ရန် အီရတ် အာဏာပိုင်များနှင့် အတူတကွ လုပ်ဆောင်သွားမည် ဟုပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.