Connect with us

Asia

ကွာလာလမ်ပူတွင် မြောက်ကိုရီးယား နိုင်ငံသား သေဆုံးမှု နှစ်နိုင်ငံအကြား သဘောတူညီချက် ရရှိ

မလေးရှားနိုင်ငံတွင် သေဆုံးခဲ့သည့် မြောက်ကိုရီးယား နိုင်ငံသား၏ ဓာတ်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပြုံယမ်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် သေဆုံးခဲ့သည့် မြောက်ကိုရီးယား နိုင်ငံသား သေဆုံးမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား အငြင်းပွားမှုမှာ သဘောတူညီချက် ရရှိပြီ ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက မတ်လ ၃၀ ရက်က ပြောကြားလိုက်သည်။

မလေးရှားနှင့် မြောက်ကိုရီးယား စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ ဆွေးနွေးပြီးနောက် ထုတ်ပြန်ခဲ့သည့် နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်တွင် လိုအပ်သော စာရွက်စာတမ်းများ တင်ပြနိုင်သည့်အတွက် သေဆုံးသွားသည့် မြောက်ကိုရီးယား နိုင်ငံသား၏ ရုပ်အလောင်းကို မိသားစုထံသို့ လွှဲပြောင်းပေးရန် မလေးရှားနိုင်ငံက သဘောတူလိုက်ကြောင်း ပါရှိသည်။

“နှစ်နိုင်ငံလုံးရဲ့ နိုင်ငံသားတွေအပေါ် ပိတ်ပင်ထားတာတွေ၊ သက်ဆိုင်ရာ အချုပ်အခြာ အာဏာပိုင်နက်အတွင်း ဘေးကင်းရေးနဲ့ လုံခြုံရေး တားမြစ်ချက်တွေကို ပြန်ရုပ်သိမ်းလိုက်ပါပြီ” ဟု ပူးတွဲ ကြေညာချက်ကို ကိုးကား၍ Korean Central News Agency က ဖော်ပြထားသည်။“မြောက်ကိုရီးယားမှာ နေထိုင်တဲ့ မလေးရှား နိုင်ငံသား ၉ ဦးကို မလေးရှားနိုင်ငံ ပြန်ခွင့် ပေးလိုက်သလို ကွာလာလမ်ပူမှာရှိတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေကိုလဲ မလေးရှားက ထွက်ခွာခွင့်ပြုလိုက်ပါပြီ” ဟု ကြေညာချက်တွင် ရေးသားထားသည်။ဖေဖော်ဝါရီလ ၁၃ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင် မြောက်ရီးယားနိုင်ငံသား သေဆုံးမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မလေးရှားနို်င်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကလည်း “(မလေးရှားနဲ့) သံတမန် ပဋိပက္ခ ပြီးဆုံးသွားခဲ့ပါပြီ” ဟူ၍ ၎င်း၏ တွစ်တာအကောင့်တွင် မတ်လ ၃၀ ရက် ညပိုင်းက ရေးသားခဲ့သည်။သေဆုံးသူ မြောက်ကိုရီးယား နိုင်ငံသား၏ ရုပ်အလောင်းအား မလေးရှား လေကြောင်းလိုင်း လေယာဉ်ဖြင့် မတ်လ ၃၀ ရက်တွင် မလေးရှားနိုင်ငံမှ သယ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)