Connect with us

Asia

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် အဖြစ် ပရာယွတ်ချန်အိုချာ ကို ရွေးချယ်

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်သစ် အဖြစ် ရွေးချယ်ခံရသော ပရာယွတ်ချန်အိုချာ ကို တွေ့ ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ လက်ရှိ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha)ကို ဝန်ကြီးချုပ် အသစ်အဖြစ် ရွေးချယ်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Chuan Leekpai က ဇွန် ၅ ရက်နောင်းပိုင်းတွင် ကြေညာခဲ့သည်။

ပရာယွတ်ချန်အိုချာသည် မဲအရေအတွက် ၅၀၀ မဲ ရရှိခဲ့ပြီး ၎င်း၏ ပြိုင်ဘက် Thanathorn Juangroongruangkit သည် မဲအရေအတွက် ၂၄၄ မဲ ရရှိခဲ့ကြောင်း ၊ အဆိုပါ မဲပေးရွေးချယ်မှုအား Chaeng Wattana လမ်းပေါ်တွင် ရှိသော ယာယီ ပါလီမန် အဆောက်အအုံတွင် ကျင်းပခဲ့ရာ တက်ရောက်လာသော အမတ် အရေအတွက်အား အခြေခံပြီး ပွင့်ပွင့်လင်းလင်း မဲပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ် ဖြစ်ရန် အတွက် အထက်လွှတ်တော် နှင့် အောက်လွှတ်တော် စုစုပေါင်း ဥပဒေပြုသူ အမတ် ၇၄၈ ဦးထဲမှ အနည်းဆုံး မဲအရေအတွက် ၃၇၅ မဲ ရရှိရန် လိုမည် ဖြစ်ပြီး ထိုသူက မတ် ၂၄ ရက်တွင် ပြုလုပ်သော ရွေးကောက်ပွဲ ပြီးနောက် ဝန်ကြီးချုပ် အသစ် ဖြစ်လာမည် ဖြစ်သည်။

ပရာယွတ်ချန်အိုချာသည် ၂၀၁၄ ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင် Palang Pracharath ပါတီ ဦးဆောင်သော ၁၉ ပါတီ ညွှန့်ပေါင်း အစိုးရ အောက်တွင် တာဝန် ယူခဲ့ကြောင်း သိရသည်။

၎င်းသည် အဖွဲ့ဝင် ၃၆ ဦး ပါဝင်သော အစိုးရ အဖွဲ ကို ဖွဲ့စည်းခဲ့ပြီး ၎င်း အပါအဝင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများကို အမည်စာရင်း တင်သွင်းခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.