Connect with us

Asia

ဂျပန်နိုင်ငံတွင် သက်ကြီးယာဉ်မောင်းကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွား ၊ လူ ၉ ဦး သေဆုံးဒဏ်ရာရ

ဂျပန်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ ဇွန် ၅ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင် ဇွန် ၄ ရက် ညပိုင်းက သက်ကြီးယာဉ်မောင်းတစ်ဦးမောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးသည် အရှိန်ဖြင့်အခြားယာဉ်ကြောသို့ ရောက်ရှိလာပြီး လမ်းဆုံအရောက်တွင် အခြားယာဉ်များနှင့်တိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ရပ်မှာ ဇွန် ၄ ရက် ဒေသစံတော်ချိန် ညပိုင်း ၇ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အသက် ၈၁ နှစ်အရွယ်ရှိ သက်ကြီးယာဉ်မောင်းတစ်ဦးမောင်းနှင်လာသည့် မော်တော်ယာဉ်သည် လမ်းဆုံအနီး ၆၀၀ မီတာ အကွာခန့်တွင် အခြားယာဉ်တစ်စီးနှင့်တိုက်မိခဲ့ရာ အရှိန်ဖြင့် အခြားတစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး လမ်းဆုံတွင် အခြားယာဉ် ၄စီးနှင့် တိုက်မိခဲ့ပြီး လူသွားလမ်းသို့ တိုးဝင်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဂျပန်မီဒီယာများက ဒေသခံရဲဘက်ဆိုင်ရာ၏သတင်းများကို ကိုးကားဖော်ပြထားသည်။ အချင်းဖြစ်ရပ်ကြောင့် ယာဉ်တိုက်မှုအစပြုသူ ယာဉ်မောင်းနှင့် ၎င်း၏ဇနီးသေဆုံးခဲ့ပြီး အခြားလမ်းသွားလမ်းလာများ အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုကာလများတွင် ဂျပန်နိုင်ငံ၌ အသက်ကြီးယာဉ်မောင်းများကြောင့် ယာဉ်မတော်တဆမှုများ တိုးပွားလျက်ရှိသည်။ ယခုနှစ် ဧပြီလတွင်လည်း အသက် ၈၇ နှစ်အရွယ် ယာဉ်မောင်းတစ်ဦးကြောင့် တိုကျိုမြို့လူစည်ကားရာနေရာတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုကျိုမြို့ အုပ်ချုပ်ရေးမှူး ယူရီကို ကိုအီကဲ (Yuriko Koike)က ယာဉ်မောင်းနှင်ရာတွင် လုံခြုံစိတ်ချမှု ရှိစေရန်အတွက် တိုကျိုတွင် သက်ကြီးယာဉ်မောင်းဆိုင်ရာ အဖွဲ့တစ်ခု ဖွဲ့စည်း၍ အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းအပေါ် သက်ကြီးယာဉ်မောင်းများ အနေဖြင့် နားလည်ပေးစေလိုကြောင်းနှင့် ယာဉ်မောင်းလိုင်စင်များကို အသိတရားဖြင့် အပ်နှံစေလို ကြောင်း ဇွန် ၄ ရက်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.