Connect with us

Asia

နီပေါတွင် ငလျင်ကြီး ထပ်မံ လှုပ်ခတ် မှုကြောင့် သေဆုံးသူ ၆၅ ဦး အထိ မြင့်တက်လာ

နီပေါ ငလျင်ဒဏ်သင့် ဒုက္ခသည်တစ်ဦးအား ခတ္တမန္ဒူ ဆေးရုံသို့ ပို့ဆောင်ပေးနေစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ ၊ မေ ၁၃ ရက် (ဆင်ဟွာ)

မေလ ၁၂ ရက် နေ့တွင် နီပေါ၌ ငလျင်ကြီး ထပ်မံ လှုပ်ခတ်မှုကြောင့် သေဆုံးသူ ဦးရေ ၆၅ ဦး အထိ မြင့်တက်လာကာ ဒဏ်ရာရရှိသူ ၁,၉၀၀ ကျော် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနက မေလ ၁၃ ရက်တွင် ပြောကြားသည်။

ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Laxmi Prasad Dhakal က “ မနေ့ ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ Dolakha ကို ဗဟိုပြု လှုပ်ခတ် သွားခဲ့ပြီး ယခု အချိန်အထိ လူပေါင်း ၆၅ ဦး သေဆုံးပြီး ၁,၉၃၆ ဦး ဒဏ်ရာရရှိခဲ့ တယ်” ဟု မေလ ၁၃ ရက် မနက်ပိုင်းတွင် ပြောကြားသည်။

နီပေါတွင် ငလျင်ကြီး ထပ်မံ လှုပ်ခတ်မှုကြောင့် ခတ္တမန္ဒူမြို့ရှိ အဆောက်အဦးများ ပျက်စီးနေပုံ (ဆင်ဟွာ)

နီပေါတွင် ငလျင်ကြီး ထပ်မံ လှုပ်ခတ်မှုကြောင့် ခတ္တမန္ဒူမြို့ရှိ အဆောက်အဦးများ ပျက်စီးနေပုံ (ဆင်ဟွာ)

နီပေါတွင် ငလျင်ကြီး ထပ်မံ လှုပ်ခတ်မှုကြောင့် ခတ္တမန္ဒူမြို့ရှိ အဆောက်အဦးများ ပျက်စီးနေပုံ (ဆင်ဟွာ)

ငလျင်ကြောင့် Dolakha တွင် အဆောက်အဦး အများဆုံး ပျက်စီးခဲ့ပြီး လူနေအိမ်များ ၊ အစိုးရရုံးများ ၊ ကျောင်းများ စသည်တို့လဲ ပျက်စီးခဲ့သည်။
ဧပြီ ၂၅ ရက်တွင် လှုပ်ခတ်သည့် ၇.၉ ပြင်းအားရှိသည့် ငလျင်ကြောင့် လူပေါင်း ၈,၀၀၀ ကျော် သေဆုံးကာ ၁၇,၀၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်။

နီပေါ တပ်မတော်၊ နီပေါ ရဲတပ်ဖွဲ့နှင့် အခြားနိုင်ငံများမှ ကယ်ဆယ်ရေး အဖွဲ့များသည် အဆိုးဝါးဆုံး ထိခိုက်သည့် နေရာများ ဖြစ်သည့် Kavre၊ Sindhupalchowk၊ Rasuwa နှင့် Nuwakot စသည်တို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)