Connect with us

Asia

ဂျပန် နိုင်ငံ တွင် ထောင်နှင့်ချီသော ပြည်သူ များက အမေရိကန် တပ်စခန်း အား ဆန့်ကျင်ကြောင်း Okinawa တွင် ဆန္ဒပြ

Ginowan မြို့ ရှိ အမေရိကန် တပ်စခန်း အား ဆန့်ကျင်ကြောင်း ဆန္ဒ ပြ ချီတက် သူ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နာဟ၊ မေ ၁၇ ရက် (ဆင်ဟွာ)
ဂျပန် နိုင်ငံ တစ်ဝန်းမှ ထောင်နှင့်ချီသော ပြည်သူ များ သည် မေလ ၁၆ ရက်နေ့က Okinawa ခရိုင် Ginowan မြို့ ရှိ အမေရိကန် Futenma စစ်အခြေစိုက် စခန်းတွင် လာရောက် စုဝေး ခဲ့ကြပြီး ဂျပန် အစိုးရ ၏ Okinawa အပေါ် အုပ်ချုပ် မှု ကို ဆန့်ကျင်ကြောင်း ၊ အမေရိကန် မှ Futenma တပ် စခန်း အား ပြန်ပေးရန် နှင့် Okinawa တွင် တပ် စခန်း တည်ဆောက်ခြင်း အား စွန့်လွှတ် ေပးရန် တောင်ဆို ခဲ့ကြသည်။

ဆန္ဒ ပြ အဖွဲ့ ၏ တွက် ချက်မှု အရ ထိုနေ့ တွင် ဆန္ဒပြသူ ပေါင်း ၂၆၀၀ ခန့်ရှိကြောင်း ၊ Ginowan မြို့ အစိုးရ ရုံးမှ စတင် ဆန္ဒ ပြခဲ့ကြ ပြီး ဆန္ဒ ပြသူ များ သည် အစိုးရမှ Okinawa အပေါ် အုပ်ချုပ်မှု ကို ဆန့်ကျင်ကြောင်း ၊ စစ်တပ် အခြေစိုက် စခန်း မရှိသော ငြိမ်းချမ်း သည့် Okinawa မြို့ ပြန်လည် အလိုရှိကြောင်း ၊ အမေရိကန် အနေဖြင့် Okinawa ပြည်သူ့ ဆန္ဒ ကို အလေး ထား ရမည် ဖြစ်ကြောင်း ၊ ဂျပန်-အမေရိကန် စစ်ရေး ပူးပေါင်းမှု တိုးချဲ့ ခြင်းအား ဆန့်ကျင်ကြောင်း စသည့် ကြွေးကြော်သံ များဖြင့် တောင် နှင့် မြောက် အဖွဲ့ နှစ်ဖွဲ့ ခွဲ၍ Futenma စစ် အခြေစိုက် စခန်းဘေး တစ်လျှောက် ဆန္ဒပြ ချီတက် ခဲ့ကြသည်။ ယခု အကြိမ် ဆန္ဒ ပြ ရာ တွင် အသက် ၂၀ နှင့် ၃၀ ကြား လူငယ် အများအပြား ပါဝင် ခဲ့ကြသည်။
ထို ဆန္ဒ ပြ ချီတက် ရာ တွင် ဂျပန် နိုင်ငံ ရှိ Honshu, Shikoku, Kitakyushu နှင့် အခြား မြို့များ မှ လာရောက် ပါဝင် ခဲ့ကြသည်။ Osaka ရှိ လူအခွင့်အရေး အဖွဲ့မှ ဆန္ဒ ပြသူ တစ်ဦးက အမေရိကန် စစ်အခြေစိုက် စခန်းသည် Okinawa စီးပွားရေး ဖွံ့ဖြိုးမှု အတွက် အကျိုး မရှိကြောင်း နှင့် အမေရိကန် စစ်အခြေစိုက် စခန်းသည် Okinawa အတွက် စီးပွားရေး အပေါ် အကျိုး ရှိသည် ဟု အကြောင်းပြသည့် ထောက်ခံမှု များကို အသိအမှတ် မပြု ကြောင်း ပြောကြားခဲ့သည်။
ဆန္ဒပြ အဖွဲ့ နှစ်ဖွဲ့သည် အချိန် (၃) နာရီကြာ ဆန္ဒ ပြ ပြီးနောက် Ginowan မြို့ ပင်လယ် ဥယျာဉ် ရှိ ပြင်ပ ခန်းမ တွင် လာရောက် စုဝေး ခဲ့ကြပြီး Okinawa တွင် စစ်အခြေစိုက် စခန်း မရှိရေး ကို ကြွေးကြော် ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.