Asia
တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံထိပ်သီးအစည်းအဝေး

ပန်မွန်ဂျုံ၊ဧပြီ ၂၇ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် ( ဝဲ – ဒုတိယ) နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ် ( ယာ-ဒုတိယ) တို့ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(ဧပြီ ၂၇ ရက်)တွင် နှစ်နိုင်ငံနယ်စပ် တောင်ကိုရီးယားနိုင်ငံဘက်အခြမ်း ပန်မွန်ဂျုံရွာရှိ ငြိမ်းချမ်းရေးအိမ်တော်တွင် စတင်ဆွေးနွေးမှုပြုလုပ်နေကြောင်း သိရသည်။
ယခုဆွေးနွေးပွဲသည် ကိုရီးယားနှစ်နိုင်ငံအကြား တတိယအကြိမ်မြောက် ပြုလုပ်သော ထိပ်သီးအစည်းအဝေးပွဲ တစ်ခုဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံဘက်အခြမ်း၌ ပထမဆုံးအကြိမ်ပြုလုပ်သော အစည်းအဝေးတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)