Connect with us

Asia

အာမေးနီးယား နိုင်ငံ လွှတ်တော် က မေလ ၁ ရက်နေ့ တွင် ဝန်ကြီးချုပ် သစ် ရွေးကောက်ပွဲ ကျင်းပ မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

အာမေးနီးယား နိုင်ငံ လွှတ်တော် တွင် အစည်းအဝေး ကျင်းပ နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ထီဘလီစီ ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အာမေးနီးယား နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Ara Babloyan က နိုင်ငံ ဝန်ကြီးချုပ်သစ် ရွေးကောက်ပွဲ ကို မေလ ၁ ရက်နေ့ တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဧပြီလ ၂၆ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

Ara Babloyan က ထုတ်ပြန်ကြေညာချက်တွင် အခြေခံ ဥပဒေ သတ်မှတ်ချက်များအရ လွှတ်တော် အနေဖြင့် မေလ ၁ ရက်နေ့ တွင် လွှတ်တော် အထူးအစည်းအဝေး ကျင်းပ သွားမည် ဖြစ်ပြီး ဝန်ကြီးချုပ်သစ် ကိုယ်စားလှယ်လောင်း နှင့် ပတ်သက်၍ ဆွေးနွေးမှု နှင့် မဲပေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အာမေးနီးယား နိုင်ငံ ဝန်ကြီးချုပ် Serzh Sargsyan က ဧပြီလ ၂၃ ရက်နေ့ ၌ နိုင်ငံမြို့တော် တွင် မိမိ အား ကန့်ကွက်ဆန္ဒပြမှု များ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် ရာထူး မှ နှုတ်ထွက်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

အာမေးနီးယား နိုင်ငံ အာဏာရ ပါတီ ရီပတ်ဘလီကန် ပါတီ က ဧပြီလ ၂၅ ရက်နေ့၌ မည်သည့် တောင်းဆိုမှု မှ မပြုလုပ်ဘဲ မည်သည့် ပါတီ နှင့် မဆို ဆွေးနွေးမှုများ ဆောင်ရွက်သွားလိုကြောင်း ထုတ်ပြန်ခဲ့သော်လည်း အတိုက်အခံပါတီ ခေါင်းဆောင် က အာဏာရပါတီ အား ရှုံးနိမ့်ခြင်း ကို ဝန်ခံရန် နှင့် ဝန်ကြီးချုပ် ရာထူး ကို အပိုင်စီးမထားရန် တောင်းဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.