Connect with us

Asia

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ တတိယအကြိမ်မြောက် တရားဝင် ကိုရီးယားထိပ်သီးအစည်းအဝေးကျင်းပ

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်များ ဂုဏ်ပြုတပ်ဖွဲ့ ကို လှည့်လည်စစ်ဆေးစဉ် (ဆင်ဟွာ)

ဂိုယန် ၊ တောင်ကိုရီးယား ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ် တို့သည် ယနေ့( ဧပြီ ၂၇ ရက်)တွင် တောင်ကိုရီးယားနိုင်ငံဘက်အခြမ်းရှိ နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံရွာ၌ တတိယအကြိမ်မြောက် ကိုရီးယား နှစ်နိုင်ငံထိပ်သီးအစည်းအဝေးကို စတင်ပြုလုပ်နေကြောင်း သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် တောင်ကိုရီးယားဂုဏ်ပြုတပ်ဖွဲ့ကို အတူတကွ လိုက်လံစစ်ဆေးပြီးနောက် ငြိမ်းချမ်းရေးအိမ်တော် ဒုတိယထပ်ရှိ အစည်းအဝေးခန်းမ၌ ကိုရီးယားကျွန်း ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ကင်ဂျုံအမ်သည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲအပြီး နယ်စပ်မျဉ်းကို ဖြတ်ကျော်ကာ တောင်ကိုရီးယားနိုင်ငံမြေပေါ်သို့ ခြေချခဲ့သည့် ပထမဆုံး မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။

ကွန်ကရစ် အုတ်တံတိုင်းငယ်မျှ ပြုလုပ်ထားသော နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ နယ်နိမိတ်မျဉ်း(MDL) ပေါ်တွင် တောင်ကိုရီးယားသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် တို့သည် အတူတကွယှဉ်တွဲ မတ်တပ်ရပ်လျက် တစ်ဦးကိုတစ်ဦး အပြုံးမျက်နှာဖြင့် လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။

တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းမြို့၌ ၂ဝဝဝ ပြည့်နှစ် နှင့် ၂ဝဝ၇ ခုနှစ်များတွင် အသီးအသီးပြုလုပ်ခဲ့ကြောင်း သိရသည်။

နယ်နိမိတ်မျဉ်း(MDL) ကို ဖြတ်ကျော်ဝင်ရောက်လာပြီးချိန်တွင် တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားခေါင်းဆောင် ကင်အား ခရီးဦးကြိုပြုခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင်၏ ဖိတ်ကြားချက်အရ တောင်ကိုရီးယားသမ္မတအနေဖြင့်လည်း နယ်စပ်မျဉ်းကို ဖြတ်၍ မြောက်ကိုရီးယားဘက်အခြမ်းသို့ ခေတ္တဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် နှစ်ဖက်ခေါင်းဆောင်တို့သည် တောင်ကိုရီးယားနိုင်ငံဘက်အခြမ်းရှိ ပန်မွန်ဂျုံရွာသို့သွားရောက်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော် ရပ်ဆိုင်းခဲ့ရသော တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင် ပြန်လည်ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.