Connect with us

North America

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ တွေ့ဆုံလိုသည့် အဆိုပြုချက်အပေါ် တက်ကြွစွာ အကြောင်းပြန်ပေးရန်မျှော်လင့်ကြောင်း အထူးကိုယ်စားလှယ် ပြောကြား

မေ ၄ ရက်တွင် ရိုက်ကူးထားသည့် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်သို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ ၏ မြောက်ကိုရီးယားကိစ္စရပ်ဆိုင်ရာ အထူးကိုယ်စားလှယ် Sung Kim က အမေရိကန်ဘက်မှ အဆိုပြုထားသော မည်သည့်အချိန် ၊ မည်သည့်နေရာတွင် ဖြစ်စေ မည်သည့်ကြိုတင်တောင်းဆိုမှုမှမပြုလုပ်ဘဲ မြောက်ကိုရီးယားနိုင်ငံ နှင့် တွေ့ဆုံလိုသောအဆိုပြုချက်အပေါ် မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် တက်ကြွစွာ ပြန်လည်အကြောင်းပြန်ပေးရန် မျှော်လင့်ကြောင်း ဇွန် ၂၁ ရက်၌ ပြောကြားခဲ့သည်။Sung Kim သည် ဇွန် ၂၁ ရက်နံနက်ပိုင်းတွင် ဆိုးလ်မြို့၌ တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်မှုဝန်ကြီး Noh Kyu-duk နှင့် တွေ့ဆုံဆွေးနွေးရန် သီးသန့်ရောက်ရှိလာသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ-အိုရှန်းနီးယားဌာန ဌာနမှူး Takehiro Funakoshi တို့နှင့် သီးသန့်တွေ့ဆုံမှု နှင့် သုံးပွင့်ဆိုင်တွေ့ဆုံမှု များပြုလုပ်ခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

Sung Kim က Noh Kyu-duk နှင့်တွေ့ဆုံမှုမစတင်မီ ပြုလုပ်သည့် တခါးဖွင့်ပြောကြားမှုတွင် မြောက်ကိုရီးယားနိုင်ငံ အမြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအန် ၏ လတ်တလောရက်ပိုင်းအတွင်း အမေရိကန်နှင့် ပတ်သက်၍ “တွေ့ဆုံမှု နှင့် ထိပ်တိုက်ရင်ဆိုင်မှု နှစ်မျိုးစလုံးအား ကောင်းမွန်စွာပြင်ဆင်ထားရမည်” ဟူသည့် ပြောဆိုမှုကို သတိပြုမိကြောင်း ၊ အမေရိကန်နိုင်ငံအနေဖြင့်လည်း တွေ့ဆုံဆွေးနွေးမှုဖြစ်စေ ၊ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်စေ သက်ဆိုင်ရာ ပြင်ဆင်မှုများကို ပြုလုပ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Noh Kyu-duk က တောင်ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် ဆက်လက်၍ အမေရိကန်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်မှု မှ တစ်ဆင့် တောင်ကိုရီးယား-အမေရိကန် နှင့် မြောက်ကိုရီးယား တွေ့ဆုံဆွေးနွေးမှုအတွက် လိုအပ်သည့် ဆောင်ရွက်မှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ၊ တောင်-မြောက်ကိုရီးယား ဆက်ဆံရေး နှင့် အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေး ပြန်လည်၍ အပြန်အလှန်တိုးတက်ကောင်းမွန်သည့် လည်ပတ်မှုအခြေအနေကို ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဘိုင်ဒန်အစိုးရအနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် မူဝါဒ သုံးသပ်မှုဆောင်ရွက်ပြီးစီးခဲ့ပြီး လက်တွေ့ကျသည့်ပုံစံဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့် တွေ့ဆုံမှုရရှိနိုင်အောင် နည်းလမ်းရှာဖွေသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ အိမ်ဖြူတော် က ဧပြီ ၃၀ ရက်၌ ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ သတင်းမီဒီယာ၏ ဖော်ပြချက်အရ ယခုအကြိမ် အမေရိကန်-တောင်ကိုရီးယား ၊ အမေရိကန်-ဂျပန်-တောင်ကိုရီးယား ၊ တောင်ကိုရီးယား-ဂျပန် မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များသည် ဆိုးလ်မြို့တွင် သီးသန့်တွေ့ဆုံမှု နှင့် သုံးပွင့်ဆိုင်တွေဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်း ၊ အမေရိကန်နိုင်ငံတွင် ဂျိုးဘိုင်ဒန်အစိုးရအဖွဲ့ တာဝန်ယူပြီးနောက် ယခုအကြိမ် တွေ့ဆုံမှုသည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ၊ တွေ့ဆုံမှုများမပြုလုပ်မီ လတ်တလောရက်ပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံ အမြင့်ဆုံးခေါင်းဆောင် ၏ မှတ်ချက်စကားအပေါ် အမေရိကန်က စိတ်ဝင်စားဖွယ်အချက်ပြမှုအဖြစ် ပြောကြားခဲ့ပြီး ယခုအကြိမ်တွေ့ဆုံမှုကို နိုင်ငံအသီးသီးမှ အလေးထားစောင့်ကြည့်ခဲ့ကြောင်း သိရသည်။ သတင်းဖော်ပြချက်များအရ Sung Kim သည် ဇွန် ၁၉ ရက်၌ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၃ ရက်တွင် လည်ပတ်ရေးခရီးစဉ်ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

——————————————
(Chinese Verson)

(国际)美国特别代表希望朝鲜积极回应美方会面提议

新华社首尔6月21日电(记者田明 杜白羽)来访的美国朝鲜事务特别代表金圣21日在韩国首都首尔表示,对于美方此前提议与朝鲜方面在任何时间、任何地点不设前提条件展开会面一事,希望朝鲜能够予以积极回应。

当天上午,金圣在首尔先后与韩国外交部半岛和平交涉本部长卢奎德,以及专程前来首尔的日本外务省亚洲大洋洲局局长船越健裕举行双边和三边会谈,就朝鲜半岛无核化等涉朝议题进行讨论。

在与卢奎德进行会谈前的公开讲话中,金圣表示,美方已注意到朝鲜最高领导人金正恩日前在谈到对美立场时有关“做好对话和对抗两手准备”的表述。不论对话或是对抗,美方也已做好相应准备。

卢奎德表示,韩国政府将继续通过与美国开展协商、协调,为重启韩美与朝鲜的对话发挥必要作用,希望重新形成韩朝关系和美朝关系互相促进的良性循环态势。

美国白宫4月30日表示,拜登政府已完成对朝鲜的政策评估,将以“务实方式”寻求与朝鲜展开接触。
据韩媒报道,此次美韩、美日韩、韩日的涉朝问题主要代表,分别在首尔举行双边和三边会谈,在美国拜登政府成立后尚属首次,加上会谈召开前朝鲜最高领导人金正恩对美释放“最新信号”,因此会谈引起外界关注。
据悉,金圣此行19日抵韩,将于23日结束访问。(完)

Photo
5月4日在美国首都华盛顿拍摄的白宫。(新华社记者刘杰摄)