Connect with us

Asia

ဖိလစ်ပိုင်တွင် ဗင်ကားတစ်စီးနှင့် ကုန်တင်ကားခေါင်းချင်းဆိုင်တိုက်မိ၊ တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ

မနီလာ၊ဇွန် ၂၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်ပြည်နယ်တွင် ဇွန် ၁၉ ရက်က ဗင်ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး ခေါင်းချင်း ဆိုင်တိုက်မိခဲ့ရာ အနည်းဆုံးလူတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်
သည်။အဆိုပါမတော်တဆမှုသည် အဝေးပြေးလမ်းမကြီးပေါ်တွင် အာတီမွန်နန်မြို့၌ ဒေသစံတော်ချိန်နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်ကဖြစ်ပွားခြင်းဖြစ်သည်။ မတော်တဆမှုတွင် ပါဝင်သည့် ဗင်ကားသည် ဘီကို ဒေသသို့ မောင်းနှင်နေခြင်းဖြစ်ပြီး ကုန်တင်ကားမှာ ဘိုကိုဒေသမှ မနီလာမြို့သို့ ဦးတည်မောင်းနှင်လာစဉ် တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကနဦးထုတ်ပြန်ချက်အရ ဗင်ကားက မောင်းနှင်လာစဉ် ဆန့်ကျင်ဘက်လမ်းကြောင်းပေါ်သို့ ရုတ်တရက်ကွေ့သွားခဲ့ရာ လမ်းကြောင်း ခေါင်းချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ယင်းနောက်တွင် ကယ်ဆယ်ရေး အဖွဲ့ဝင်များက ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————–
1 dead, 8 injured as van collides with truck in Philippines
MANILA, June 19 (Xinhua) — A private van collided with a truck in Quezon province, southeast of Manila on Wednesday afternoon, killing at least one and injuring eight others, police said.
The collision occurred on the highway in Atimonan town around 2:30 p.m. local time. The van was traveling south to the Bicol region, and the truck was headed to Manila from the Bicol region.
An initial report said the private van veered to the opposite lane and collided head-on with the truck, killing the driver at the scene.
Rescuers rushed the van’s injured passengers to a local hospital. ■