အက်စ်တာနာ၊ မတ် ၂၀ ရက် (ဆင်ဟွာ) ဆယ်စုနှစ်သုံးခုနီးပါးမျှ သမ္မတတာဝန်ထမ်းဆောင်ခဲ့သည့် နာစူလ်တန် နာဇာဘေယက်ဗ် (Nursultan Nazarbayev) သမ္မတရာထူးမှအနားယူပြီးနောက် ကက်ဆင်-ဂျိုမတ် တိုကေယက်ဗ် (Kassym-Jomart Tokayev) က ကာဇက်စတန်နိုင်ငံ၏ သမတအဖြစ်မတ်၂၀ရက်တွင် စတင်တာဝန်ယူခဲ့ကြောင်းသိရသည်။ (Xinhua)
နယူးဒေလီ၊ မတ် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်၌ မတ်လ ၁၉ ရက် တွင် ဆောက်လုပ်ဆဲ အဆောက်အဦးပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံအစိုးရက မတ်လ ၂၀ရက် တွေ ပြောကြားခဲ့သည်။
အက်စ်တာနာ၊ မတ် ၂၀ ရက် (ဆင်ဟွာ) ကာဇက်နိုင်ငံ သမ္မတ နာစူလ်တန် နာဇာဘေယက်ဗ် (Nursultan Nazarbayev) သည် ဆယ်စုနှစ်သုံးခုနီးပါးကြာ နိုင်ငံကိုဦးဆောင်လာပြီးနောက် မတ်လ ၁၉ ရက်တွင် ရာထူးမှ အနားယူလိုက်ကြောင်း ရုတ်တရက်ကြေညာလိုက်သည်။
ဟနွိုင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုအတွက် တရားရုံးက နိုင်ငံသား ၃ ဦးအား သေဒဏ်ပေးခဲ့သလို နောက်ထပ်တစ်ဦးကို တစ်သက်တစ်ကျွန်းပြစ်ဒဏ်ပေးခဲ့ကြောင်း ဒေသခံမီဒီယာက မတ်လ ၁၉ ရက်တွင် ပြောကြားလိုက်သည်။
ဂျာကာတာ၊ မတ် ၁၈ ၇က် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအရှေ့ဖက်စွန်းရှိ ပါပူဝါပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု ကြောင့်သေဆုံးသူ ၇၇ ဦး အထိမြင့်တက်လာပြီး၊ အခြားသူ ၁၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ် အေဂျင်စီမှ တာဝန်ခံက မတ်လ၁၈ ရက်တွင် ဆင်ဟွာကို တယ်လီဖုန်းမှ ဖြေကြားခဲ့သည်။
မွမ်ဘိုင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ မှ ကီလိုမီတာ ၅၇၀ ကျော် အကွာ Maharashtra ပြည်နယ် Hingoli ခရိုင်ရှိ Khatkali ရထားလမ်းကူးတစ်ခု တွင် အွန်လိုင်းဂိမ်းတစ်ခုဖြစ်သော PUBG ဂိမ်းကစားနေသူ ၂ဦးအား ရထားတစ်စင်းက တိုက်မိခဲ့ကြောင်း သတင်းများက...
အစ္စလာမ်မာဘတ်၊ မတ် ၁၈ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ်တွင် ခရီးသည်တင်ရထားတစ်စီး ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန်မီဒီယာ များ၏ သတင်းများအရ သိရသည်။
နယူးယောက်၊ မတ် ၁၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Ngodokandawu မြို့ အနောက် အနောက်တောင်ဘက် တစ်ကီလိုမီတာ အကွာတွင် မတ် ၁၇ ရက် ဂရင်းနစ်စံတော်ချိန် ၁ရး၄၁း၄၂နာရီတွင် အင်အား ၅.၀ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၁၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံဘက်မှ ထိန်းချုပ်သည့် ကက်ရ်ှမီးယားဒေသတွင် မတ် ၁၆ ရက်က မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျမှုဖြစ်ပွားရာ အနည်ဆုံး လူ ၁၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ပါကစ္စတန်စစ်တပ် က အငြင်းပွားမှုများဖြစ်ပွားနေသည့် ကတ်ရှ်မီးယားဒေသ ရှိ နှစ်နိုင်ငံ နယ်စပ်ထိန်းချုပ်ရေးမျဉ်း (LoC) တစ်လျှောက် တွင် ပျံသန်းနေသည့် အိန္ဒိယမှ ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ် တစ်စင်းအား ပစ်ချခဲ့ကြောင်း မတ် ၁၆ ရက်ကပြောကြားခဲ့သည်။