Connect with us

Asia

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် တူးမြောင်းထဲသို့ ဗန်ကားတစ်စီးပြုတ်ကျပြီး လူ ၁၁ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Khyber Pakhtunkhwa ပြည်နယ်၊ Nowshera ခရိုင်၌ ခရီးသည်တင်ဗန်ကားတစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေမှုအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၁၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်ရှိ ဆိုင်ခွန်ပူရာခရိုင်၌ မေ ၁၄ ညနေပိုင်း တွင် ခရီးသည်တင်ဗန်ကား တစ်စီးသည် တူးမြောင်းထဲသို့ ပြုတ်ကျပြီးနောက် ကလေး ၇ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာ ဖော်ပြခဲ့သည်။

သတင်းများအရ လူ ၁၁ ဦး သယ်ဆောင်လာသည့် ဗန်ကားတစ်စီးသည် ဆိုင်ခွန်ပူရာမြို့ Khanqah Dogran ဒေသရှိ Mianwali တူးမြောင်းထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာသို့ အမြန်ရောက်ရှိလာပြီး ၎င်းနစ်မြုပ်နေသည့်မော်တော်ယာဉ်ပေါ်မှ ရုပ်အလောင်းများအား ထုတ်ယူခဲ့ကြောင်း သိရသည်။

သေဆုံးသူများထဲတွင် ကလေး ၇ ဦး၊ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး တို့ ပါဝင်ပြီး ၎င်းတို့သည် မိသားစုတစ်ခုတည်း ဖြစ်ကြကြောင်း သိရသည်။

၎င်းမိသားစုသည် ပန်ဂျပ်ပြည်နယ် Gujranwala ခရိုင်၌ ၎င်းတို့၏ ဆွေမျိုးများနှင့် တွေ့ဆုံပြီးနောက် Khanqah Dogran မြို့သို့ သွားနေခြင်းဖြစ်သည်။

ယာဉ်မောင်းသည် တူးမြောင်းကမ်းပါး၌ မော်တော်ယာဉ်အား အရှိန်လွန်မောင်းနှင်လာစဉ် မထိန်းနိုင်ဘဲ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက မီဒီယာသို့ပြောသည်။

ပါကစ္စတန်တွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး အဓိကအားဖြင့် လမ်းမကောင်းခြင်း၊ ယာဥ်ပြုပြင်ထိန်းသိမ်းမှုမကောင်းခြင်းနှင့် ယာဉ်မောင်းနှင်မှု မကျွမ်းကျင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
11 killed after van falls into canal in Pakistan’s Punjab
ISLAMABAD, May 15 (Xinhua) — A passenger van plunged into a canal in Sheikhupura district of Pakistan’s eastern Punjab province on Friday evening leaving 11 people dead, including seven children, local media reported.
According to the reports, the van carrying 11 people fell into the Mianwali Canal in Khanqah Dogran area of Sheikhupura.
Police and rescue teams rushed to the site and took out bodies from the sunk vehicle.
The deceased include seven children, three women and one man, who belong to the same family.
The family was going to Khanqah Dogran from Gujranwala district of Punjab after meeting their relatives.
An eyewitness told media that the driver failed to control the overspeeding vehicle at the bank of the canal and caused the accident.
Road accidents are quite frequent in Pakistan mainly due to poor roads, badly maintained vehicles and unprofessional driving. Enditem
Photo taken with mobile phone on Nov. 16, 2020 shows rescuers examine a passenger van at the accident site in Nowshera, a district in the northwestern Pakistani province of Khyber Pakhtunkhwa.(Str/Xinhua)