Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံဘောလုံးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ မှ နုတ်ထွက်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ် အတည်ပြုထုတ်ပြန်

ကွာလာလမ်ပူ ၊ မေ ၁၆ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ဘောလုံးအသင်းသည် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အာရှဇုန်ခြေစစ်ပွဲ နှင့် ၂၀၂၃ တရုတ် အာရှဖလားခြေစစ်ပွဲတို့မှ အသီးသီး နုတ်ထွက်သွားကြောင်း အာရှဘောလုံးအဖွဲ့ချုပ် က မေ ၁၆ ရက်၌ အတည်ပြုထုတ်ပြန်ခဲ့သည်။အာရှဘောလုံးအဖွဲ့ချုပ် မှ ထုတ်ပြန်သည့်ကြေညာချက်တွင် မြောက်ကိုရီးယားနိုင်ငံဘောလုံးအသင်း ပြိုင်ပွဲမှ နုတ်ထွက်သည့် ကိစ္စရပ်နှင့်ပတ်သက်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ သက်ဆိုင်ရာဌာနများက ကိုင်တွယ်ဖြေရှင်းရန် လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ၊ မြောက်ကိုရီးယားအသင်းပါရှိနေသည့် ကမ္ဘာ့ဖလား အာရှဒေသ ဒုတိယအကြော့ခြေစစ်ပွဲ နှင့် အကောင်းဆုံး လေးသင်း ပါဝင်သည့် အုပ်စု H ၏ အဆင့်သတ်မှတ်ချက်များနှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက်များကို နောက်တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြောက်ကိုရီးယားအသင်းအနေဖြင့် ခြေစစ်ပွဲမှ မနုတ်ထွက်မီ အုတ်စု H တွင် အဆင့် ၄ နေရာတွင် တည်ရှိနေပြီး အဆင့် ၁ တွင်ရောက်နေသော Turkmenistan နိုင်ငံအသင်းထက် ၁ မှတ်သာလျော့နေကြောင်း ၊ ယင်းအုပ်စုတွင် တောင်ကိုရီးယားအသင်း ၊လက်ဘနွန် နှင့် သီရိလင်္ကာ နိုင်ငံအသင်းတို့ပါဝင်ကြောင်း ၊ အုပ်စု H ၏ ကျန်ရှိသော ပွဲစဉ်များက ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြောက်ကိုရီးယား အားကစား သတင်းဝဘ်ဆိုက်၏ ဧပြီလ၌ ရေးသားဖော်ပြချက်အရ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အခြေအနေ ဆိုးရွားနေသေးသောကြောင့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တိုကျိုအိုလံပစ်ပွဲတွင် မပါဝင်တော့ရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။ (Xinhua)
———————————————–
(Chinese Version)

(体育)亚足联确认朝鲜队退出世界杯预选赛

新华社吉隆坡5月16日电(记者林昊)亚足联16日确认,朝鲜足球队退出2022年卡塔尔世界杯亚洲区预选赛暨2023年中国亚洲杯预选赛。
亚足联在一份声明中表示,朝鲜队退赛一事将交由国际足联相关机构处理,有关朝鲜队所在世界杯亚洲区预选赛第二轮预选赛、即40强赛H组的排名细节将稍后宣布。
退出预选赛前,朝鲜队在H组中排名第四,但仅落后排名第一的土库曼斯坦队1分。该组还包括韩国队、黎巴嫩队和斯里兰卡队。H小组剩余比赛将于6月以赛会形式在韩国举行。
此前据“朝鲜体育”网站今年4月报道,由于新冠肺炎疫情防控形势依然严峻,朝鲜决定不参加东京奥运会。(完)

Photo
亚足联的官方声明(亚足联官网)