Connect with us

Asia

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး စီရင်စု၌ ပြင်းအား ၆ ဒသမ ၁ ရှိ ငလျင်လှုပ်ခတ် ၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိ

တိုကျို ၊ မေ ၁၆ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ Hokkaido ဟော့ကိုင်းဒိုးစီရင်စု၌ ယနေ့ မေ ၁၆ ရက်တွင် ပြင်းအား ၆ ဒသမ ၁ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ(JMA) ထံမှ သိရသည်။ယင်းငလျင်သည် ဒေသစံတော်ချိန် ၀:၂၄ နာရီဝန်းကျင်တွင် မြောက်လတ္တီတွဒ် ၄၁ ဒသမ ၉ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ ၁၄၄ ဒသမ ၉ ဒီဂရီကို ဗဟိုပြု၍ မြေအောက်အနက် ၆၀ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၌ ငလျင်ပြင်းအား အမြင့်ဆုံးကို အဆင့် ၇ ဖြင့် သတ်မှတ်ထားပြီး ယခုလှုပ်ခတ်ခဲ့သောငလျင်သည် Hokkaido စီရင်စုအတွင်း နေရာအချို့၌ အမြင့်ဆုံး အဆင့် ၃ အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ယခုချိန်ထိ ဆူနာရီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။ (Xinhua)
———————————————–
(English Version)
6.1-magnitude quake strikes off Japan’s Hokkaido Prefecture, no tsunami warning issued
TOKYO, May 16 (Xinhua) — An earthquake with a magnitude of 6.1 struck off Japan’s Hokkaido Prefecture on Sunday, according to the Japan Meteorological Agency (JMA).
The temblor occurred at around 0:24 p.m. local time, with its epicenter at a latitude of 41.9 degrees north and a longitude of 144.9 degrees east, and at depth of 60 km.
The quake logged 3 in some parts of Hokkaido Prefecture on the Japanese seismic intensity scale which peaks at 7.
So far no tsunami warning has been issued. Enditem