မနီလာ ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ပြည်နယ် Lamitan မြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းက ကားဗုံးကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ သေဆုံးသူ ၆ ဦး ရှိပြီဖြစ် ကြောင်း ဖိလစ်ပိုင်အစိုးရတပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဂျာကာတာ ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Lombokကျွန်းတွင် ဇူလိုင်လ ၂၉ ရက်က လှုပ်ခတ်ခဲ့သည့်မြေငလျင်ကြောင့် တောင်ပြိုမှုဖြစ်ပွားရာ ရာနှင့်ချီသော တောင်တက်သမားများ ပိတ်မိနေကြောင်း Rinjani မီးတောင် ဥယျာဉ် စီမံ ခန့်ခွဲရေးဌာနက ဇူလိုင်လ ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဟနွိုင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Quang Nam ပြည်နယ်၌ ဇူလိုင် ၃၀ ရက် အစောပိုင်းတွင် သတို့သားတစ်ဦး နှင့် ၎င်း၏ ဆွေမျိုးသားချင်းများလိုက်ပါလာသော မင်္ဂလာအလှပြယာဉ်တစ်စီး နှင့် ကုန်တင်ကားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိရာ လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၄ဦး...
ကန်ဒဲလ်၊ ကမ္ဘောဒီးယား၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် ခြောက်ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို ဇူလိုင်လ ၂၉ ရက်က စတင်ကျင်းပရာ နိုင်ငံရေးပါတီ ၂၀ ခု ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း အမျိုးသား ရွေးကောက်ပွဲကော်မတီ (NEC) ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
SANAMXAY ၊ ဇူလိုင်၂၉ ရက်(ဆင်ဟွာ) လာအိုနိုင်ငံတွင် ဆည်ကျိုးကျမှုကြောင့် ဇူလိုင်လ ၂၈ ရက် ညပိုင်းအထိ သေဆုံးသူ ၈ ဦးရှိပြီး ၁၂၃ ဦး ပျောက်ဆုံးနေကြောင်း လာအိုပြည်သူ့တပ်မတော် စစ်ဦးစီးချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး Khamlieng Outhakaisone က ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း Maharashtra ပြည်နယ် တွင် ဇူလိုင် ၂၈ ရက်က ဘတ်စ်ကားတစ်စီး ချောက်နက်တစ်ခုထဲပြုတ်ကျခဲ့ရာ လူ ၃၃ဦးသေဆုံးခဲ့ကြောင်း ဒေသခံ အကြီးတန်းအုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦး က အတည်ပြုပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်သည် ပြည်နယ် ၏ Raigad...
ဂျာကာတာ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း West Tenggara ပြည်နယ်တွင် ဇူလိုင် ၂၉ ရက် အစောပိုင်းက ရစ်ချ်တာစကေး ၆.၄ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁၀ဦးသေဆုံးပြီး အယောက် ၄၀ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ခရစ်ကတ်ကစားသမား အကျော်အမော်ဟောင်း အီမရန်ခန်း (Imran Khan) ၏ ပါတီဖြစ်သော Pakistan Tehrik-i-Insaf (PTI) သည် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့အတွင်း နေရာ အခိုင်အမာရရှိလာပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂၈ ရက်တွင်...
နယူးဒေလီ ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးရေကြီးခြင်းကြောင့် သေဆုံးသူ ၂၇ ဦးရှိပြီး ဒဏ်ရာရသူ ၁၂ ဦးရှိကြောင်း ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။