Connect with us

Asia

ဆင်ဟွာအယ်ဒီတာချုပ်နှင့် ဆီနီဂေါမီဒီယာတို့ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် လက်မှတ်ရေးထိုး

ဆင်ဟွာသတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန် (ဝဲ) နှင့် ဆီနီဂေါနိုင်ငံပိုင် APS သတင်းအေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ် သီယာနို ဘီဖာဟင်ဖောလ်တို့အား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဒက်ကာ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းအေဂျင်စီ အယ်ဒီတာချုပ် ဟဲဖိန်နှင့် ဆီနီဂေါနိုင်ငံပိုင် APS သတင်းအေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ် သီယာနို ဘီဖာဟင်ဖောလ် (Thierno Bifahim Fall) တို့သည် သတင်းဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးသဘောတူစာချုပ်အား ဇူလိုင်လ ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

နှစ်ဖက်လုံးအနေဖြင့် မီဒီယာသစ်အပါအဝင် နယ်ပယ်အားလုံးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ကတိပြုခဲ့ကြောင်း သိရသည်။

တရုတ်-ဆီနီဂေါ ဆက်ဆံရေးက သမိုင်းကြောင်းတွင် အကောင်းဆုံးအချိန်ကာလများ ဖြစ်ကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပြောင်းလဲနေသော မီဒီယာအခင်းအကျင်းနှင့် လိုက်လျောညီထွေဖြစ်စေရန် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကို ဖမ်းဆုပ်သင့်ကြောင်း ဟဲက လက်မှတ်ရေးထိုးပွဲ၌ ပြောကြားခဲ့သည်။

ဆီနီဂေါနိုင်ငံပိုင် APS သတင်းအေဂျင်စီ၏ ညွှန်ကြားရေးမှူးချုပ် သီယာနို ဘီဖာဟင်ဖောလ်က နှစ်နိုင်ငံအနေဖြင့် အစဉ်အလာရှိသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အကျိုးခံစားရလျက်ရှိကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းက ကာလရှည် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအား ထိန်းသိမ်းခဲ့ကြောင်း၊ APS အနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အစပျိုးဖော်ဆောင်မှုတွင် တက်ကြွစွာ ပါဝင်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

APS ၏ ဖိတ်ကြားချက်ဖြင့် ဟဲသည် ဆီနီဂေါနိုင်ငံ ယဉ်ကျေးမှုနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူးချုပ် Birane Niang နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)