Connect with us

Asia

Panasonic က tablet PC ဘက်ထရီ အလုံးပေါင်း ၂၈၀,၀၀၀ အထိ ပြန်လည်သိမ်းဆည်းသွားမည်

Panasonicအီလက်ထရောနစ် ကုမ္ပဏီ၏ ဆိုင်းဘုတ်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ မေလ ၁၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အီလက်ထရောနစ် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Panasonic ကော်ပိုရေးရှင်း က ၎င်း၏ tablet PC များ၌် အသုံးပြုထားသော ဘက်ထရီများတွင် မီးလောင်ကျွမ်းသည့် ဖြစ်စဉ်များ ရှိနေ၍ ဘက်ထရီအလုံးပေါင်း ၂၈၀,၀၀၀ နီးပါး ကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း မေ ၁၇ ရက်ကကြေညာခဲ့သည်။

ကုမ္ပဏီက Toughpad FZ-G1 tablet များတွင် အသုံးပြုထားသော ဘက်ထရီများ နှင့်ပတ်သက်၍ မီးလောင်ကျွမ်းကြောင်း တိုင်ကြားစာ ၁၆ စောင် ကို ၂၀၁၅ခုနှစ် မတ်လ မှ ၂၀၁၇ခုနှစ် ဧပြီလအတွင်း ရရှိခဲ့ကြောင်း နှင့် ယင်းဖြစ်စဉ်ကြောင့် ထိခိုက်မှုမရှိကြောင်း ပြောကြားခဲ့သည်။

ဘက်ထရီများ မီးလောင်ကျွမ်းရခြင်း အဓိက အကြောင်းရင်းမှာ ဘက်ထရီဆဲလ်များအတွင်း အညစ်အကြေးများ ပါဝင်နေခြင်းကြောင့်ဖြစ်ကြောင်း၊ အပူချိန်ပြောင်းလဲမှုများပြားသည့် ပတ်ဝန်းကျင်တွင် ယင်းဘက်ထရီများအား အသုံးပြုရာမှ ဆားကစ်ပတ်လမ်းတိုဖြစ်ပေါ်လာပြီး အပူလွန်ကဲခြင်း နှင့် မီးတောက်လောင်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဘက်ထရီများ ထည့်သွင်းအသုံးပြုထားသော tablet များကို မြောက်အမေရိက၊ ဥရောပ နှင့် သြစတြေးလျနိုင်ငံ အပါအဝင် ဂျပန်နိုင်ငံတွင် ရောင်းချခဲ့ပြီးဖြစ်ကာ နောက်ပိုင်းမတော်တဆဖြစ်ရပ်များအား ကာကွယ်နိုင်ရန် ယင်းဘက်ထရီများကို သိမ်းဆည်းပြီး အသစ်များဖြင့် အခမဲ့လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Panasonic ကုမ္ပဏီသည် လွန်ခဲ့သော ၃နှစ်အတွင်း အလားတူ ပြဿနာမျိုးကြောင့် ဘက်ထရီ အလုံးရေ ထောင်ပေါင်းများစွာကို ပြန်လည်သိမ်းဆည်းခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.