Asia
တောင်ကိုရီးယားနိုင်ငံသမ္မတဟောင်း ပက်ဂွမ်ဟေး အား ၆ လ ထပ်မံ ချုပ်နှောင်ထားရန် တောင်ကိုရီးယားတရားရုံး ဆုံးဖြတ်
ဆိုးလ် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ တရားရုံးတစ်ခုက စွပ်စွဲပြစ်တင်မှုဖြင့် ရာထူးမှ ဖယ်ရှားခြင်းခံထားရသော သမ္မတဟောင်း ပက်ဂွမ်ဟေး အား နောက်ထပ် အချိန် ၆ လ ထပ်မံ ဖမ်းဆီးချုပ်နှောင်ထားရန် ယနေ့( အောက်တိုဘာ ၁၃ ရက်) တွင်ဆုံးဖြတ်ခဲ့ကြောင်း တောင်ကိုရီးယားပြည်တွင်း သတင်းဌာနများက ရေးသားဖော်ပြခဲ့သည်။(Xinhua)