Connect with us

Asia

အကြမ်းဖက် နှိမ်နင်းရန် အတွက် ဖိလစ်ပိုင် နိုင်ငံ ကို လက်နက်ခဲယမ်း များ ရုရှား နိုင်ငံ က ကူညီထောက်ပံ့ပေးမည်

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း Malawi မြို့သို့ အစိုးရ တပ်ဖွဲ့ များသွားရောက် နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ ဆိုင်ရာ ရုရှား နိုင်ငံ သံရုံး က အောက်တိုဘာ ၁၂ ရက်နေ့၌ ရုရှား နိုင်ငံ အနေဖြင့် ယခုလအတွင်း ဖိလစ်ပိုင် နိုင်ငံ ထံသို့ AK-47 သေနတ် အလက် ၅၀၀၀ ၊ ကျည်ဆံ ၁ သန်း နှင့် စစ်ဘက်ဆိုင်ရာ သုံး ကုန်တင်ကား အစင်း ၂၀ ကို အကြမ်းဖက်မှု နှိမ်နင်းရန် အတွက် ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ ဆိုင်ရာ ရုရှား နိုင်ငံ သံအမတ်ကြီး Igor Khovaev က ရုရှား နိုင်ငံ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ နိုင်ငံတောင်ပိုင်း တွင် အကြမ်းဖက် အဖွဲ့အစည်း နှင့် ဖြစ်ပွား နေသည့် တိုက်ပွဲကို အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Lorenzana က ရုရှား နိုင်ငံ မှ ကူညီထောက်ပံ့သည့် လက်နက်များ သည် ယခုလ ၂၂ ရက်နေ့တွင် ဖိလစ်ပိုင် နိုင်ငံသို့ရောက် ရှိမည်ဖြစ်ပြီး ၂၅ ရက်နေ့တွင် ဖိလစ်ပိုင် နိုင်ငံ သို့ တရားဝင် လွှဲပြောင်း ပေးအပ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခု နှစ် မေလ ၂၃ ရက်နေ့တွင် ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး မှ ရုရှား နိုင်ငံ သို့ သွားရောက် လည်ပတ်နေစဉ် အတွင်း ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း Malawi တွင် အစိုးရ တပ်ဖွဲ့ နှင့် ပုန်းခိုနေသည့် အကြမ်းဖက် အဖွဲ့ တိုက်ပွဲ ဖြစ်ပွား ခဲ့ရာ အကြမ်းဖက် အဖွဲ့အစည်း က ယင်းမြို့ ကို သိမ်းပိုက်လိုက်သည်။ အခင်းဖြစ်ပွား ပြီးနောက် ဖိလစ်ပိုင် နိုင်ငံ သမ္မတ က အရေးပေါ် နိုင်ငံ သို့ ပြန်လည် ထွက်ခွာ လာခဲ့ကာ တိုက်ပွဲ ဆောင်ရွက်ရန် အတွက် ညွှန်ကြားမှု များပြုလုပ်ပေးခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ထုတ်ပြန်ချက်အရ တိုက်ပွဲကြောင့် လက်ရှိချိန်တွင် အကြမ်းဖက်သမား ၈၀၀ ကျော် နှင့် အစိုးရ တပ်ဖွဲ့ဝင် ၁၆၀ ဦး သေဆုံး ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.