မော်စကို ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ၌ စစ်ဆင်ရေးတာဝန်များထမ်းဆောင်ပြီးနောက် မြေထဲပင်လယ်ရှိ လေယာဉ်တင် သင်္ဘောပေါ်သို့ပြန်လည်ဆင်းသက်ခဲ့သော ရုရှားနိုင်ငံ၏ Sukhoi Su-33 အမျိုးအစား ဂျက်တိုက်လေယာဉ်တစ်စင်းသည် ဘီးချော်မှုဖြစ်ပွားခဲ့ကြောင်း နှင့် လေယာဉ်မှူးမှာ ခုန်ထွက်လွတ်မြောက်ခဲ့ကြောင်း ရုရုားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၅ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ၌ ကျင်းပမည့် အာရှပစိဖိတ်စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု(APCE) ထိပ်သီးအစည်းအဝေးတွင် အမေရိကန်နိုင်ငံသမ္မတအိုဘားမား နှင့် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်တို့သည် သီးခြားတွေ့ဆုံဆွေးနွေးရန် အစီအစဉ် မရှိကြောင်း ရုရှားအစိုးရက နိုဝင်ဘာလ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဗလာဒီဘော့စတော့ခ် ၊ရုရှား ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ Yamal ကျွန်းဆွယ်၌ MI-8 ရဟတ်ယာဉ်တစ်စင်းသည် ရာသီဥတုဆိုးဝါးသောကြောင့် မြေပြင်သို့ဆင်းသက်စဉ် ပျက်ကျမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၂၁ ဦးသေဆုံးပြီး အခြား ၃ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်သည် ခရီးစဉ်အတွင်း အစီအစဉ် အပြောင်းအလဲကြောင့် အောက်တိုဘာလ ၁၉ ရက်တွင် ပြင်သစ်နိုင်ငံသို့သွားရောက်လည်ပတ်မည့် ၎င်း၏ ခရီးစဉ်အား ဖျက်သိမ်းလိုက်ကြောင်း ကရင်မလင် နန်းတော်က အောက်တိုဘာလ ၁၁ ရက်တွင်ပြောကြားလိုက်သည်။
အန်ကာရာ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ၏ အရေးပေါ်အခြေအနေကို နောက်ထပ်သက်တမ်း ၃ လ ထပ်မံတိုးလိုက်ကြောင်း တူရကီ ဒုတိယဝန်ကြီးချုပ် Numan Kurtulmus က အောက်တိုဘာလ ၃ ရက်တွင်ပြောကြားချက်ကို ကိုးကား၍ Anadolu သတင်းဌာနက ဖော်ပြသည်။
မော်စကို ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) “ ရုရှားမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံတွေ့နိုင်တယ်” ဟူသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ မှတ်ချက်စကားအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov အလွန်အမင်း ဒေါသတစ်ကြီး တုံ့ပြန်လိုက်ကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) “ Army 2016 ” နိုင်ငံတကာ စစ်လက်နက်နည်းပညာ ပြပွဲတွင် ရုရှား ရူဘယ်ငွေ ၁၃ဝ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၂.၀၃ဘီလီယံ) တန်ဖိုးရှိ ကာလရှည် အရောင်းအဝယ် စာချုပ် ၁၇ ခုကို...
အန်ကာရာ ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ရုရှား-တူရကီ နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းခွင့်ကို ရုရှားနိုင်ငံက ပိတ်ပင်ထားရာမှ ပြန်လည်ဖွင့်လှစ်ပေးပြီးနောက် ပထမဆုံး ရုရှားစင်းလုံးငှား ခရီးသည်တင်လေယာဉ် တစ်စင်းသည် တူရကီနိုင်ငံ အန်တလ်ရ (Antalya)လေဆိပ်သို့စက်တင်ဘာလ ၂ ရက်တွင် ဆိုက်ရောက်လာကြောင်း Anadolu သတင်းအေဂျင်စီက သတင်းရေးသားဖော်ပြခဲ့သည်။
မော်စကို ၊သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ရုရှားစစ်လေယာဉ်တစ်စင်းအား တူရကီက ပစ်ချခဲ့ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာခဲ့ပြီးနောက် ၈ လကြာပိတ်ပင်ထားခဲ့သည့် တူရကီနိုင်ငံသို့လေကြောင်းပျံသန်းမှုကို ရုရှားနိုင်ငံက ပြန်လည်ဖွင့်ပေးသည့် သဘောတူညီချက်ကို သြဂုတ်လ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇူလိုင် ၁ (ဆင်ဟွာ) ရုရှားနိုင်ငံ၌ ခရီးသည် ၁၁ ဦးတင်ဆောင်ထားသည့် IL-76 အမျိုးအစား လေယာဉ် တစ်စင်း ပျောက်ဆုံးနေကြောင်း နှင့် ၎င်းလေယာဉ်ရှာဖွေရေးကို နိုင်ငံအတွင်းရှိ တောမီးလောင်ကျွမ်းနေသည့် Irkutsk ဒေသအတွင်း၌ လုပ်ဆောင်လျက်ရှိကြောင်း Sputnik ရုရှားသတင်းအေဂျင်စီက ဇူလိုင် ၁ ရက်တွင်...