Connect with us

Eastern Europe

ရေပေါ်အရုပ်ဖြင့် ပင်လယ်ထဲ ၃ ရက်ကြာမျောနေသည့် ယူကရိန်းနိုင်ငံသားတစ်ဦးအား ဆယ်ယူနိုင်ခဲ့

ရေပေါ် အရုပ်တစ်ခုဖြင့် အပန်းဖြေနေသူတစ်ဦးအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကိဗ် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

ရေပေါ်အရုပ်အကူအညီဖြင့် ၃ ရက်ကြာ ပင်လယ်နက်ထဲတွင် မျောပါနေသည့် ယူကရိန်းနိုင်ငံသားတစ်ဦးကို အသက်ရှင်လျက် ဆယ်ယူရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက သြဂုတ်လ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အသက် ၁၉ နှစ်အရွယ်ရှိ Mykhailo Doroshenko ဆိုသူသည် ယူကရိန်းနိုင်ငံ တောင်ပိုင်း Kherson ဒေသရှိ Lazurne ကမ်းခြေတွင် ရေပေါ်အရုပ်ပေါ်၌ အိပ်ပျော်သွားခဲ့ရာမှ ကမ်းခြေရေကစားမျဉ်းကို ကျော်လွန်၍ ပင်လယ်ပြင်ထဲသို့မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနိုးထလာချိန်တွင် ပင်လယ်ပြင်၌ တစ်ဦးထဲ မျောပါနေသည်ကို သိရှိခဲ့ပြီး ၎င်းအတွက် အစားအစာ နှင့် ရေလည်း မရှိကြောင်း သိရသည်။

အဆိုပါ ပင်လယ်ပြင်၌ မျောပါနေသည့် ယူကရိန်းနိုင်ငံသားကို ခရိုင်းမီးယား ကျွန်းဆွယ်၏ အနောက်မြောက်ဘက်အနီး ၊ Lazurne ကမ်းခြေမှ ရေမိုင် ၃၅ မိုင် အကွာရှိ ပင်လယ်ပြင်ထဲတွင် ဆယ်ယူရရှိခဲ့သည်။ ၎င်းသည် အစာငတ်မွတ်ခြင်း နှင့် ရေဓာတ်ကုန်ခမ်းခြင်း ဝေဒနာများကို ခံစားနေခဲ့ရကြောင်း သိရသည်။

ယခုအခါ Doroshenko အား ဆေးကုသမှုပေးထားပြီး စိုးရိမ်စရာ အခြေအနေမရှိကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.