Connect with us

Eastern Europe

ရုရှားက အိုင်အက်စ်အကြမ်းဖက်သမားနှစ်ဦးကို ဖမ်းဆီး

ရုရှားနိုင်ငံ Surgut မြို့ ၌ သြဂုတ်လ ၁၉ ရက်က ရဲတပ်ဖွဲ့ ဝင်များအား အကြမ်းဖက်သမားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ပြီးနောက် မြင်တွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ ပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့(FSB) က နိုင်ငံအတွင်း အကြမ်းဖက်မှု ကျူးလွန်ရန် ကြံစည်နေသည့် အလယ်အာရှသား နှစ်ဦးကို သြဂုတ်လ ၃၁ ရက်တွင် သီးခြားစီ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဖမ်းဆီးထားသူ နှစ်ဦးအနက် တစ်ဦးမှာ အင်တာနက်ပေါ်တွင် အိုင်အက်စ်(IS) အကြမ်းဖက်အဖွဲ့အားသစ္စာခံကြောင်း နှင့် လူများအား ဓားဖြင့် တိုက်ခိုက်ရန် ကြေညာကြောင်း ဗီဒီယိုဖိုင်ကို တင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြားတစ်ဦးမှာ ၎င်းသည် အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဝန်ခံခဲ့ပြီး အသေခံဗုံးခွဲရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်ဟု FSB က ဆိုသည်။ ထို့ပြင် IED ဖောက်ခွဲရေးပစ္စည်းများကိုလည်း ၎င်း၏ နေအိမ်အတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် မော်စကိုမြို့၌ တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.